part 23

15.2K 1.1K 37
                                    

အိမ်ရှိလူအားလုံးအစုံအညီမနက်စာစားနေကြပေမဲ့ နွေးထွေးမူမရှိစွာတိတ်ဆိတ်နေကြသည်။ မောင်နဲ့နှောင်းကတော့တစ်မျက်နှာတစ်ယောက်ကြည့်လျက်နဲ့ပေါ့

" နှောင်းမောင်ကျောင်းသွားရတော့မယ် ပြန်လာရင်ရောဘာဝယ်ခဲ့ရမလဲ "

" မောင်သာမြန်မြန်ပြန်လာခဲ့ပါ "

" ဒါဆိုမောင်သွားပြီ...... မွ...."

ေနှာင်းရဲ့နဖူးလေးကိုအားလုံးရှေ့မြတ်နိုးစွာနမ်းလိုက်သည်။ နှောင်းကသိပ်ရှက်သွားပေမဲ့မင်းအက္ခရာမောင်ကတော့သိစေချင်လွန်းလို့ကိုသပ်သပ်နမ်းပြလိုက်တာပင်

ဒေါ်မြနှင်းဆီနဲ့သက်ထားမေတို့နှစ်ယောက်ကတော့ ဟန်တောင်မဆောင်နိုင်တော့စွာစားပွဲဝိုင်းကထွက်ခွာသွားတော့၏။

မောင်လည်းအပြင်ထွက်သွားပြီရှင်နှောင်းငယ်အပေါ်ထပ်သို့တက်ရန်ပြင်လိုက်သည်။ထိုအချိန်မှာပဲတစ်ခါမှတရေးတယူစကားမပြောခဲ့ဖူးတဲ့မောင့်မေမေ ဒေါ်မြနှင်းဆီကအနားရောက်လာကာ

" အဲ့ဒါဘယ်လဲ "

" အခန်းထဲပြန်တော့မလို့ပါ အမေ "

အမေလို့ခေါ်သံကြားတော့ဒေါ်မြနှင်းဆီတစ်ယောက်ခါးခါးသီးသီးငြင်းတော့သည်။

" ငါကိုအမေလို့မခေါ်နဲ့သခင်မကြီးလို့ပဲခေါ်....ပြီးတော့ဒီနေ့ငါ့အသိတွေလာလည်မှာမီဖိုချောင်ကိုနင်တာဝန်ယူလိုက်.....အော်...ပြောထားရဦးမယ်လာမယ်လူတွေကအဆင့်တန်းရှိလူတန်းစားတွေနော် သေချာလုပ်ကြားလား! "

ဘာမှလုပ်စရာမရှိမဲဲ့အတူတူရှင်နှောင်းငယ်ငြင်းပါ။ ပြီးတော့ထမင်းဟင်းချက်ရတာလည်းမပင်ပန်းပါဘူးလေ မောင့်မေမေရဲ့အသိတွေဆိုတော့အသေချာပြင်ပေးရမှာပေါ့

" အခုပဲသွားပြင်ဆင်လိုက်ပါမယ်သခင်မကြီး "

" သက်ထား.....သမီးလေးမေမေနဲ့အတူအဝတ်အစားသွားရွေးရအောင်ကွယ် "

ရှင်နှောင်းငယ်ရဲ့ပြန်ဖြေတဲ့စကားကိုအရေးတယူမရှိစွာသက်ထားမေနဲ့အတူထွက်သွားတော့သည်။

ရှင်နှောင်းငယ်စိတ်ထဲနည်းနည်းလေးတောင်မငြိုညင်ပါ တကယ်ဆိုဒေါ်မြနှင်းဆီကမောင့်ရဲ့မေမေပဲလေ မောင့်ကိုချစ်ရင်မောင်နဲ့ပတ်သက်တာတွေကိုပါ နှောင်းချစ်ပေးနိုင်ရမှာပေါ့

 မောင့်ကိုချစ်ပါWhere stories live. Discover now