One Short

210 17 3
                                    

Frist Time Of First Love
—–—–—–

ကျွီ ... ဒုန်း.....

"ဟာ သွားပြီ ကောင်လေးတစ်ယောက်ကို တိုက်မိသွားပြီ  လုပ်ကြပါဦး"

လူအများအပြားရဲ့ အော်သံတွေဟာ
ပေကျင်းလမ်းမထက်မှာ ဆူညံသွားလေသည်။

ကားပေါ်က ဆင်းလာသောလူမှာလဲ ခေါင်း ကိုကိုင်လျှက် တိုက်မိသော လူဆီသို့ လျှောက်လှမ်းလာခဲ့သည်။

"ဒီမှာဗျ ကျွန်‌တော့်ကို လမ်းလေးနဲနဲလောက် ဖယ်ပေးပါဦးဗျာ"

ကျွန်တော့် စကားသံကြောင့် ရှောင်ဖယ်ပေးကြတဲ့ လူအုပ်ကြီးကလဲ ကျွန်‌တော့်ကို
ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်။

"တိုက်သွားတဲ့ ကားသမားထင်တယ်"
"ဟုတ်မယ် သူ့ခေါင်းမှာလဲ သွေးတွေနဲ့"
"ထွက်မပြေးတာပဲ တော်ပါသေးတယ်"
"အခုခေတ်မှာ တာဝန်မယူချင်တဲ့သူက
ခပ်များများရယ်"
"ဟုတ်ပါ့ ဟုတ်ပါ့"

လူတစ်ချို့ရဲ့ တီးတိုးစကားသံများအား
ကျွန်တော်လျစ်လျူ ရှုလိုက်ပြီး တိုက်မိတဲ့ ကောင်လေးအား ပွေ့ချီလိုက်လေသည်။
ငိုက်ခနဲ့ ဖြစ်သွားတဲ့ ခေါင်းကို ခါလိုက်ရင်း ကောင်လေးကို ကျွန်တော့်ကားပေါ်သို့
တင်ကာ အနီးဆုံးဆေးရုံသို့  မောင်းထွက်ခဲ့လေသည်။

"ဒေါက်တာ လူနာ အခြေအနေက ဘယ်လိုရှိလဲဗျ"

"လူနာ နဲ့ ဒီကလူ က ဘာတော်လဲ"

"ဘာမှ မတော်ပါဘူးဗျ..... ကျွန်တော့်
ကား နဲ့ တိုက်မိသွားတာပါ ဒေါက်တာ"

"အော်... လူနာက ခေါင်းနဲနဲပေါက်သွားတယ် လန့်လဲလန့်သွားပုံပဲ အဲ့ဒါကြောင့် မေ့သွားတာပါ ပြီးတော့ အားလဲနည်းနေတယ် ကျန်တာကြီးကြီးမားမားမရှိပါဘူး အရှိန်ကြောင့် ပွန်းပဲ့ဒဏ်ရာလေးတွေပဲ ရှိပါတယ်"

"ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ်"

ခေါင်းညိမ့်ကာ ထွက်သွားသော ဆရာဝန်အားကြည့်ရင်း ဝမ်ရိ‌ပေါ် သက်ပြင်းမောကို
ချလိုက်မိသည်။ ရည်းစားနဲ့ ပြသနာတက်ပြီး ကားမောင်းလာတဲ့ ဝမ်ရိပေါ် ဟာ လမ်းချိုးအကွေ့တစ်ခု၌ ရုတ်တရက် ပေါ်လာသော ကောင်လေးအား မြင်၍ ဘရိတ်နင်းလိုက်ပါသော်လည်း တိုက်မိသွားလေပြီ။ မြန်ဆန်တဲ့ အဖြစ်အပျက် လူတစ်ယောက်တိုက်မိပြီဆိုသော အသိကြောင့် စိတ်တို့ ထိတ်လန့်သွားခဲ့သည်။

First Time Of First LoveWhere stories live. Discover now