~ ၁၄ ~

146 13 0
                                    

[ Unicode ]
-----------------

<<<<< Flash back >>>>>

( သက်ဆိုင်သူ )
-------------------

ကျွန်တော်တို့သူငယ်ချင်းအုပ်စု ၉ တန်းနှစ်လည်းရောက်ကော ချစ်ချစ်ကသူမပြောထားတဲ့အတိုင်း Eco ဘာသာယူပြီး သက်ဆိုင်ရယ် နက်ရိူင်းရယ် မိမြတ်ရယ်ကတော့ Bio ယူဖြစ်ကြသည် ။ တက်ရတဲ့အဆောင်လည်းကွဲ အခန်းလည်းကွဲကြပေမဲ့ ကျူရှင်တူတူပဲမို့ချစ်ချစ်နဲ့ကျွန်တော်တို့တွေဟာ အမြဲတမ်းတပူးပူးတတွဲတွဲဖြစ်နေတုန်း ။

မနက်တိုင်း ကျောင်းသွားရင်လည်းတူတူသွားကြသလို ကျောင်းဆင်းရင်လည်းချစ်ချစ်ကိုစောင့်ခေါ်ကြသည် ။ လူဟောင်းတွေလည်းလျှော့မသွားသလို လူသစ်တွေလည်းတိုးမလာခဲ့တဲ့ကျွန်တော်တို့အုပ်စုလေးဟာ သံယောဇဉ်တွေခိုင်မြဲရင်းနဲ့ခင်မင်မှုတွေတစ်စတစ်စပိုပိုတိုးနေဆဲ ။ ၉ တန်းနှစ်ပြီးတော့ ၁၀ တန်းရောက်တော့လည်း အခန်းချင်းမတူတဲ့ချစ်ချစ်နဲ့အတူ အိမ်ကမိသားစုတွေဝယ်ပေးထားသောစက်ဘီးလေးများကိုယ်စီဖြင့် အဖြူစိမ်းဝတ်ကျောင်းသားဘဝကိုအေးချမ်းစွာဖြတ်သန်းရပါသည် ။ သက်ဆိုင်မျက်စိထဲမှာတော့ ကိုယ့်ရဲ့အိမ်နီးချင်းသူငယ်ချင်းတွေကိုအချိန်တိုင်းတွေ့နေရလို့လားမသိ ။ ပြောင်းလဲသွားတာဘာမှမရှိဘူးလို့ထင်မိပေမဲ့ လူသားတစ်ယောက်ရဲ့အရွယ်ရောက်လာတာနဲ့အမျှဖြစ်လေ့ဖြစ်ထရှိသောအခြေနေများကြောင့် တစ်နေ့တွင်အမှန်တရားတစ်ခုကိုမြင်ခဲ့ရ၏ ။

အထူးသဖြင့် ကျွန်တော်တို့အားလုံးကလေးတွေမဟုတ်ကြတော့ဘူးဆိုတဲ့အခြေအနေကိုလက်တွေ့သိလိုက်ခြင်းပင် … ။

" ဘာလုပ်နေတာလဲ မိမြတ် "

သက်ဆိုင်အသံကိုလည်းကြားကော အနည်းငယ်လန့်သွားဟန်မျက်လုံးလေးဝိုင်းရင်းလှည့်ကြည့်လာသောမိမြတ်နဲ့ ညီမငယ်ဘေးမှာရပ်နေတဲ့အဖြူအစိမ်းဝတ်ကောင်လေးတစ်ယောက် ။ ကျွန်တော်တို့ကျောင်းကမှန်းသိပေမဲ့ ကျွန်တော်တို့အတန်းကတော့ဟုတ်ပုံမရပါ ။ သူ့ကိုသက်ဆိုင်မမြင်ဖူးဘူး ။ အသားညိုပေမဲ့ အရပ်ရှည်ရှည်နဲ့ရုပ်ကဖြောင့်၍ ကြည့်ကောင်းတဲ့လူငယ်တစ်ယောက်ဆိုတာတော့လက်ခံရမည် ။ သို့သော် သူကဘာလို့မိမြတ်အနားမှာပိုင်စိုးပိုင်နင်းဆန်စွာကပ်နေရတာလဲ ။

ဝေး ( ongoing ) ေဝးWhere stories live. Discover now