<< UNicode >>
အကို ~
<< Dream Cafe >>
ချိတ်ဆွဲထားတဲ့ ကဒ်လေးကို Close မှ Openဆိုတဲ့ဘက်လေးကို လှန်လိုက်သည် နှင့် ဆိုင်လေးထဲ ၀ယ်ယူသူတွေနဲ့ပြည့်ကျပ်သွားတော့သည် ။
မနက်ပိုင်းနဲ့ ညနေပိုင်းဟာ လူအရမ်းကျတက်တာမို့ နေ့လည်ပိုင်းအချိန်ဟာ ဆိုင်ပိုင်ရှင်ကောင်လေးနှစ်ယောက်ရဲ့ နားချိန်လေးပေါ့ ။"ဂျောင်၀ူး မင်းကောင်လေး လာပြီ "
ဂျောင်၀ူး တစ်ယောက် သူငယ်ချင်းရဲ့စကား ကြောင့် မျက်နှာ ပျက်သွားသည်။
" ငါ့ကောင်လေးမဟုတ်ဘူးလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ဘမ်ယဲဒမ် "
" အာ ဟုတ်ပါပြီ ငါမပြောတော့ပါဘူး ကဲ သွားလိုက်အုံး "
ထိုအခါ ဂျောင်၀ူး က စိတ်ရှုပ်ဟန်
" မသွားချင်ပါဘူး မင်းပဲသွားလိုက် ငါ cake ပုံဖော်ရအုံးမယ် "
ပြောပြီးချင်း အနောက်ခန်းထဲ၀င်သွားတဲ့ ဂျောင်၀ူးကြောင့် ယဲဒမ် သက်ပျင်းချကာ စားပွဲ၀ိုင်းမှာ ထိုင်နေသော ကောင်လေးဆီသို့
"ဂျွန်ဂယူ ဘာသောက်မလည်း ခါတိုင်းလိုပဲ နွားနို့နဲ့ မုန့်လား "
"ဟင့်အင်း ဂယူ ဘာမှ စားချင်စိတ်မရှိပါဘူး ခုနက အကိုက မျက်နှာမကောင်းသလိုပဲ ဘာဖြစ်သွားတာလည်းဟင် "
'ဘယ်လိုပြောပြရမလည်း ဂျောင်၀ူးရေ ငါ့နှယ့် ဒီနှစ်ယောက်ကြား ဗျာများပါဘိ '
" အာ သူနည်းနည်း နေမကောင်းဖြစ်နေတာ အဲ့တာကြောင့် မနက်ထဲကမျက်နှာ မလန်းတာပါ "
" မသိပါဘူး ဂယူ လာတာ မကြိုက်လို့များလားလို့ "
"မဟုတ်တာ! ဂယူ လာတာကိုပဲ သူကမျှော်နေတာ "
" တကယ်လား "
မျက်၀န်းလေးထဲ မျှော်လင့်နေတဲ့အရိပ်ယောင်အပြည့်နဲ့ ကောင်လေးက သိပ်ကို ချစ်ဖို့ကောင်းသည်။ ချောတဲ့ဘက်ကိုမသွားပဲ တော်တော်လေးကို ချစ်စရာကောင်းပြီး ထိုလူသားလေးရဲ့အားသာချက်က အပြုံး အေးအေးလေးတွေကိုပိုင်ဆိုင်ထားခြင်းပဲ... ထိုမျက်နှာ ချိုတဲ့ကောင်လေးကို ဂျောင်၀ူးက ဘာလို့ ဒီလောက် အေးစက်နေရတာလည်း ဆိုတာ ယဲဒမ် မခန့်မှန်းနိုင်ပါ ။
YOU ARE READING
အကို^^ (Completed)
Fanfictionသူကတော့ အကိုဖြစ်နေလို့ကို ချစ်ခဲ့ပေမယ့် အကိုက တော့ သူဖြစ်နေလို့ကို မချစ်တာတဲ့လား?