3 ( Final )

802 88 22
                                    

<< Unicode >>

အကို~

Shake ဆိုတဲ့ စားသောက်ဆိုင်လေးထဲ ဂျွန်ဂယူနဲ့ လျိုယွီ ဟာ မျက်နှာချင်းဆိုင် ထိုင်နေသည်။ လျိုယွီရဲ့နှုတ်ခမ်းပါးဟာ တင်းတင်းစေ့ ထားပြီး မျက်နှာဟာလည်း မာထန်နေသည်။ ဂျွန်ဂယူကလည်း သူ ဆုံးဖြတ်ထားတဲ့အတိုင်း နောက်မဆုတ်မည့်ပုံ ဖြစ်နေသည်။

" မမ နောက်ဆုတ်ပေးလို့မရဘူးလား? ကိုကို အတွက် အကိုဟျွန်းဆော့က လိုအပ်လို့ပါ "

ဂျွန်ဂယူ ပြောတော့ လျိုယွီ က ရယ်သည်။

" ကင်မ်ဂျွန်ဂယူ မင်းက အရမ်းရယ်ရတာပဲ မင်းကိုကိုတွက် အဲ့ဒီလူသားက မရှိမဖြစ် လိုအပ်တယ်ဆို ရင် ငါအတွက်ကရော ငါက ချွဲဟျွန်းဆော့ ဆိုတဲ့လူသားကို နှစ်နဲ့ချီပြီးစောင့်နေခဲ့ရတာ မင်းအကိုကနောက်မှ ပေါ်လာတဲ့မကောင်းဆိုးဝါးတစ်ကောင်ပဲ ငါတို့ရဲ့သာယာ နေတဲ့အခြေအနေကို ဖျက်စီးခဲ့တာ "

" သာယာ တဲ့အခြေအနေ ? ဂယူ သိရလောက်က တော့အကိုဟျွန်းဆော့က မမအပေါ်စိတ်မရှိဘူးထင်တယ် "

"မင်းက ဘာသိလို့ လာပြောနေတာလည်း သူစိတ်မရှိဘူးဆိုရင်တောင် ငါတို့ကြားက သံယောဇဥ်က ခိုင်မာတယ် !! "

"မမက ကိုယ့်ကိုကိုယ် လိမ်ညာနေတာပဲ "

"ဟက်! မင်းတို့ညီအကိုနှစ်ယောက်ကလည်း ပျော့ပျော့လေးနဲ့ နံတဲ့ ကြောင်ချီးပဲ အစ်ကိုက ငါချစ်တဲ့သူကို ငါ့ရင်ခွင်ထဲက လုယူဖို့ကြိုးစားတယ် ညီဖြစ်သူကလည်း ငါ့မောင်ရဲ့အသည်းကိုခွဲတယ် "

နောက်ဆက်တွဲစကားကြောင့် ဂျွန်ဂယူ စွန့်အသွားမိသည်။

"....."

"ဘာမှ ဖြူစင်ချင်ယောင်ဆောင်မနေနဲ့ ဂျွန်ဂယူ..ငါ့မောင် မင်းအပေါ် ထားတဲ့ခံစားချက်ကို အပြင်လူတွေတောင် သိတယ် မင်းမသိဘူးဆိုတာ မဖြစ်နိင်ဘူး "

လျိုယွီစကားကြောင့် ဂျွန်ဂယူရဲ့မျက်နှာလေးဟာ မိုးပြိုသလိုဖြစ်သွားရသည် ။ သူမသိတဲ့ကိစ္စတစ်ခုကို စွတ်စွဲခံနေရခြင်းကို ခံပြင်းတဲ့အပြင် ဂျောင်ဟွမ့်ကိုလည်း အားနာမိသည်။ ဆိုင်အပြင်က ကားထဲမှာထိုင်နေတဲ့ ဂျောင်ဟွမ့် ကို လှမ်းကြည့်လိုက်မိသည်။

အကို^^ (Completed)Where stories live. Discover now