2

610 82 40
                                    

<< Unicode >>

အကို ~

ဂျွန်ဂယူတစ်ယောက် ခုံတန်းလေးတစ်ခုပေါ်မှာ ထိုင်နေရင်း အတွေးတို့က ရောက်တက်ရာရာ ဖြစ်လို့နေသည် ။
ဟိုတစ်နေ့ကတွေ့ခဲ့တဲ့ မိန်းကလေးက အကို့ရဲ့ မိန်းမဖြစ်သူလား ? အကိုတို့က ပြန်ဆက်သွယ်နေကြတာလားး ?

အတွေးပေါင်းစုံဖြင့် လွင့်မျောနေတဲ့ ဂျွန်ဂယူက အနောက်ဘက်မှ ဟိတ်! ဆိုတဲ့အသံကျယ်ကြောင့် အလန့်တကြားဖြစ်မိသွားသည် ။

" Sorry အရမ်းလန့်သွားတာလား? "

တစ်ခါမှ မမြင်ဖူးသည့်လူက သူ့အား ပြုံးပြနေသည် ။ယောကျာ်းဆန်သည့် မျက်နှာအကျအနနဲ့ သူ့အားပြုံးပြနေတဲ့  နှုတ်ခမ်းမထူမပါးလေး ၊ မျက်ဆံက အနည်းငယ် အပြာရောင်သန်းနေပြီး နှာတံဆင်းဆင်းလေး ။အကုန်လုံးကို ခြုံငုံကြည့်မည်ဆိုလျှင် ဒီလူဟာ အတော်လေးကို ချောမောပြေပစ်သည်

" ကိုယ်ချောတာ သိပါတယ် အဲ့လောက်စိုက်ကြည့်နေတော့ မနေတက်တော့ဘူး "

ရယ်ကြဲကြဲဖြင့် ပြောလာတဲ့ ထိုသူဟာ မသိရင်ပဲ ဂျွန်ဂယူနှင့် ရင်းနှီးနေသည့်အလား

" ဘယ်သူလည်း မသိဘူး ? "

သူကအမေးဆိုမိသည့်အခါ ထိုလူသားက မျက်နှာငယ်လေးဖြစ်သွားတာမို့  ဂျွန်ဂယူ အားနာသွားရသည် ။သူတို့ဆုံဖူးလို့လား ? ဒါမဲ့ ဂျွန်ဂယူ့ မှတ်ဉာဏ်ထဲမှာ ထိုသူကို အခုမှ ပထမဆုံးအကြိမ်မြင်ဖူးခြင်းသာ

" ... "

တိတ်ဆိတ်နေရင်းမှ သူပြောလိုက်တဲ့စကားကြောင့် ဂျွန်ဂယူ မှတ်မိသွားရသည် ။

"လူစွမ်းကောင်းလုပ်ချင်တဲ့ ပိုးလေးက နည်းနည်းရှိနေတော့ "

" အာ "

" မှတ်မိပြီ လား "

"ဟုတ် မှတ်မိပြီ အဲ့နေ့က တကယ်ကျေးဇူးတင်ပါတယ်နော် ဒီက ..."

" ဆို ဂျောင် ဟွမ် "

"ဟမ် ?? "

"ကိုယ့်နာမည်လေ "

" အာ ဆိုဂျောင်ဟွမ်  ဆိုဂျောင်ဟွမ် "

သူ့နာမည်အား ရေရွတ်ရင်းးမှတ်နေတဲ့ ဂျွန်ဂယူ့မျက်နှာ နား ဂျောင်ဟွမ် တိုးကပ်ကြည့်မိသည် ။သူတို့မျက်နှာဟာ ထိစပ်လုနီးပါး ဖြစ်သွားတာမို့ ဂျွန်ဂယူက မျက်လုံးလေးပြူးကာ ကြောင်တောင်တောင်လေးဖြစ်နေသည် ။

အကို^^ (Completed)Where stories live. Discover now