Episode​ (8)

396 56 20
                                    

Kim​ Doyoungတစ်ယောက် နေရာတွင်​ ငုတ်တုတ်မေ့နေတာ အကြာကြီးပဲ။

တကယ်ကြီး မလှုပ်တောင် မလှုပ်နိုင်တော့ဘူး။

First​ kissဆိုတာလေးက စိတ်လှုပ်ရှားစရာကောင်းပြီး သူတို့ကြားမှာ ဖြစ်သင့်တာက အချစ်​ fansy ဇာတ်လမ်းထဲကလိုမျိုး ချိုမြိန်သာယာတဲ့ ရှက်ကိုရှက်ကန်းပံုစံမျိုးလေးလေ။

ကသိကအောက်ဖြစ်ပေမယ့် ရင်ထဲအေးစေတဲ့ ကြည်နူးမှုမျိုးလေးလေ။

အခုက ဘာဖြစ်သွားတာတုန်း?

လှည့်တောင်မကြည့်ဘဲ ထပြေးသွားတဲ့ So Junghwanကတော့ သံသယကင်းကင်းရှက်သွားနိုင်သေးတယ်။

Kim​ Doyoungကတော့ အဲ့ကလေးပြောသွားတဲ့ နောက်ဆံုးစကားကြောင့် သံသယကင်းကင်းတောင် ရင်မခုန်နိုင်တော့တာပါ။

တကယ်တော့​ Kim​ Doyoungက သူပဲ အကြပ်အတည်းဖြစ်ရပ်နဲ့ ခက်ခက်ခဲခဲရင်ဆိုင်နေရတယ်ထင်ပေမယ့် သွားတိုက်နေတဲ့ So​ Junghwanရဲ့ အခြအနေကလဲ သူမသာ ကိုယ်မသာပါပဲ။

မှန်ထဲက သွားတိုက်ဆေးမြှုပ် အနည်းငယ်​ ပေကျံနေတဲ့ သူ့နှုတ်ခမ်းသူ မျက်တောင်မခပ်ပဲ ကြောင်ကြောင်ကြီးကြည့်နေတာများ မသိရင် သူ့ကိုယ်သူ fall in loveသွားတဲ့အတိုင်းပဲ။

ဘာတေွပဲဖြစ်ပါစေ။ Kim​ Doyoungကတော့ Kim​ Doyoungပဲလေ။ သူက​ အရင်ကတည်းက လူတေွနဲ့ ခပ်ကင်းကင်းနေတတ်လွန်းလို့ အရောတဝင်နေတတ်အောင် သူ့ကိုယ်သူ လေ့ကျင့်ထားတဲ့သူလေ။ ခုချိန်မှာဆို လူတစ်ယောက်ကို ဘယ်လိုဝင်ရောပစ်ရမလဲဆိုတဲ့နေရာမှာ ဆရာတစ်ဆူတောင်ဖြစ်နေပြီ။

သူ့ကိုကလိကလိဖြစ်အောင်လုပ်လွန်းတဲ့ ဒီကလေးကို သူပြန်ကိုကလိတော့မှာ။

သွားတိုက်မျက်နှာသစ်ပြီး​ ကေျာင်းတန်းသွားတော့မယ့် So​ Junghwanကို ကေျာပိုးအိတ်နောက်ကနေ လှမ်းဆွဲထားလိုက်သည်။

"အား​ ဘာလုပ်တာလဲ?"​

Kim​ Doyoungက လူကောင်သာ သူ့ထက်သေးတာ စိတ်များသာဆောင်ကြည့် So​ Junghwanဆိုတဲ့ အထက်တန်းကေျာင်းသားလေးတစ်ယောက်ကို ချုပ်ဖို့က သိပ်မခဲလှဘူး။ အဲ့ကလေးကို လွယ်အိတ်ကနေ ဆွဲခေါ်သွားလိုက်တာ So​ Junghwanလေး ရုန်းတောင်မရုန်းနိုင်ရှာဘူး။

Cafe love(Dohwan)[uni+zaw]{completed}Where stories live. Discover now