ဟောင်းနွမ်းနေတဲ့ ဝါကျင်ကျင်စာရွက်တွေကပြောလာမဲ့အချစ်ဦးအကြောင်း ။ဖုန်အလိမ့်လိမ့်တက်နေပေမယ့် သစ်လွင်နေတဲ့နှလုံးသားတစ်စုံကတော့ သူဆိုတာနဲ့ခုန်ပေါက်နေတော့သည်။
တုန်ရီနေတဲ့လက်တွေကအသက်ရွယ်တစ်ခုကိုကျော်လွန်လာခဲ့ပြီမလို့အရေတွန့်ကာစပြုလာလေပြီ
မှုန်ဝါးနေပြီဖြစ်တဲ့အမြင်အာရုံတွေကတော့အရင်လိုကြည်လင်မနေနိုင်တော့တာကြောင့်မျက်မှန်ရဲ့အကူအညီကိုယူနေရ၏
အေးစက်တဲ့ရာသီဥတုကြောင့်မကြာခနအအေးမိတဲ့သူက အမြဲချောင်းဆိုးမပြတ်
အဆက်မပြတ်ဆိုးနေတဲ့ချောင်းကိုလစ်လျှူရှု့ရင်းလက်ကိုင်ပုဝါလေးအုပ်ကာ ဖုန်အလိမ့်လိမ့်တက်နေတဲ့သူ့ဒဏ္ဍရီစာအုပ်လေးကိုဖွင့်လိုက်တော့ သူနဲ့စတွေ့ခဲ့သောDateလှလှလေး ကိုတွေ့ရသည်။
မေ့ပျောက်ဖို့ခတ်တဲ့ထိုအတိတ်တွေက သူ့ကိုတစ်ရစ်ရစ်ချည်နှောင်ရင်းနာကျင်မှု့တစ်ချို့နဲ့နေသားကျစေသည်။
အလွန်ကြာနေပြီဖြစ်ကြောင်းသက်သေပြတဲ့ဒဏ္ဍရီစာရွက်ကလေးကဝါကျင်ကျင်
ဟောင်းနွမ်းနေတဲ့ထိုစာရွက်ပေါ်မှာထင်ရှားနေတဲ့နေ့စွဲလှလှလေးကိုသူထိတွေ့မိတယ်
အရင်ကထိုစာရွက်လေးသစ်လွင်နေခဲ့သလိုသူ့အတိတ်တွေကလဲ သစ်လွင်ခဲ့ဖူးတယ်။
အခုတော့ထိုအတိတ်တွေက ပုံပြင်ထဲကသင်ခန်းစာလေးဖြစ်ခဲ့ပြီပေါ့အချစ်ရယ်... ။
________________________________
(9.18.2005 )
" သားနာမည်ကိုမိတ်ဆက်လိုက်ပါအုံး "
အတန်းထဲကကောင်မလေးတွေရဲ့အော်သံနဲ့အတူကျောင်းအခန်းထံကိုခြေချလာတဲ့လမ်းသရဲလိုလိုအကောင်
ရွဲ့ဆောင်းနေတဲ့ကျောင်းလွယ်အိတ်နဲ့အတူ ကျယ်သီးသုံးလုံးလောက်ဖြုတ်ထားတဲ့ထိုကောင်ရဲ့စတိုင်က သူ့မျက်လုံးထဲကန့်လန့်ဖြတ်ကြီးဝင်ရောက်လာသည်။
ဝတ်ပုံစားပုံကဘဲလမ်းဘေးစတိုင်လားဆိုတော့မဟုတ်သေး ပီကေတစ်ဖြောက်ဖြောက်ဝါးနေတဲ့ထိုကောင့်ပုံစံကပါစရိုက်ဆန်နေတာ
أنت تقرأ
The story of first love ( Completed)