" အားရှ် ပျင်းဖို့ကောင်းလိုက်တာဘာလို့များပန်းသီးပြုတ်ကျတာကိုမစားဘဲ သီအိုရီတွေထုတ်ခဲ့ရတာလဲ "" မင်းလိုကောင်မျိုးတွေကိုညှင်းပန်းချင်လို့လေ "
ပျင်းရိလွန်းလို့ညည်းညူနေတဲ့သူ့ကို စကားတစ်ခွန်းသာဆိုပြီး စာကိုတစ်စိုက်မက်မက်ပြန်လုပ်နေပုံက ကင်ထယ်ယောင်းပြီသချက်
စိတ်ဝင်စားစွာနဲ့ စာလုပ်နေသည့်အချိန်တိုင်းမှာ အသံတိတ်စာရွက်ဆိုတက်တဲ့ ခပ်စူစူနှုတ်ခမ်းလေးကသိပ်ကိုချစ်ဖို့ကောင်းနေတက်တာမျိုး
မြင်ရခဲတဲ့မျက်မှန်လေးအောက်က မျက်ဝန်းညိုတွေကတော့ သူ့စိတ်ကိုအမြဲထင်ယောင်ထင်မှာဖြစ်အောင်လုပ်ဆောင်လေ့ရှိသည်။
စာဖွဲ့မနေဘဲ ခပ်တိုတိုအကျဥ်းချုံးပြောရရင် သူ့သူငယ်ချင်းထယ်ယောင်းကသိပ်လှသည်။
" ငါ့မျက်နှာမှာစာကပ်ထားမိလို့လား အတွေးတွေလွင့်နေမယ့်အစား စာလုပ်သင့်တယ်ဘိတ်ချီးကောင်ရဲ့ "
" ညနေကျရင်ကိုယ်မင်းနဲ့အတူပြန်ချင်တယ်မျက်မှန်လေး "
" အတန်းမပြီးသေးတာကို ပြန်ဖို့တွေးနေတယ် စာမေးပွဲကျမှာမင်း"
ခေါင်းပေါ်ရောက်ချလာတဲ့ စာအုပ်ထူထူရဲ့ရိုက်သံက ကင်ထယ်ယောင်းရဲ့လက်ချက်ဖြစ်သည်။
တစ်ခြားသူတစ်ယောက်သာဆိုတစ်ခုခုဖြစ်ပြီးပြီဆိုပေမယ့် ကင်ထယ်ယောင်းမလို့ခပ်ပြူံးပြုံးဘဲ
" ငါစက်ဘီးစီးဖူးချင်လို့အတူတူပြန်ခိုင်းမယ်မလား "
" မင်းကဘလိုလူမျိုးမလို့စက်ဘီးမစီးဖူးရတာလဲ "
သူ့မေးခွန်းက စပ်ဖြဲဖြဲဂျောင်ကုမျက်နှာကိုခနတာတည်တံ့စေနိုင်ခဲ့သည်....ဒါပေမယ့်သူပြောသလိုခနလေးဘဲကြာလိုက်တာ မိနစ်ပိုင်းအတွင်းကိုပြန်ပြီးပြောင်ချော်ချော်ဖြစ်လာတယ်
" ဂျွန်ဂျောင်ကုမလို့လေ။ ဘလိုလည်းကိုယ့်ကိုလိုက်ခိုင်းမှာလား "
ဆရာမရှိတာကိုအခွင့်ကောင်းယူပြီးသူ့ကိုအမျိုးမျိုးနှောက်ယှက်နေတာ
![](https://img.wattpad.com/cover/322077430-288-k264772.jpg)
أنت تقرأ
The story of first love ( Completed)