(2)

152 23 16
                                    

(2)
ကျန်ရှိနေသေးသော သုံးရာခြောက်ဆယ့်လေးရက်

အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်ကျနေတဲ့ မိုးသံတွေကြားမှာ နိုးထလာရတဲ့ မနက်ခင်းတစ်ခု။ မနေ့က တစ်နေ့လုံး ခွာချထားတဲ့ မျက်နှာဖုံးတုကို ပြန်တပ်ရင်း ဟန်ဆောင်ကောင်းတဲ့ လူသားတစ်ယောက်အဖြစ် ပြန်လည် ရှင်သန်ဖို့အတွက် ကျွန်တော် အဆင်သင့်ဖြစ်နေပြီ။ သူက အခုထက်ထိတိုင်အောင် ကျွန်တော့်ဘဝရဲ့ အားအင်ဖြစ်စေသော လူသားလေးတစ်ယောက် ဖြစ်နေဆဲပင်။

မနေ့က ကျွန်တော် ဝတ်ဆင်ထားခဲ့သည့် ခုတင်ဘေးမှာ ချွတ်ထားတဲ့ သူ့ရဲ့ဖိနပ်လေးကို ဂရုတစိုက်နဲ့ ဗီရိုထဲသို့ ပြန်ပို့လိုက်သည်။ မအိပ်ခင်ကတည်းက အဆင်သင့်ပြင်ထားခဲ့တဲ့ အိမ်စီးဖိနပ်အသစ်လေးကို စီးကြည့်လိုက်သည်။
ဒီဖိနပ်အသစ်က ကျွန်တော့် ခြေထောက်နဲ့ ကွတ်တိ အဆင်ပြေနေပေမဲ့ သူ့ရဲ့ဖိနပ်လေးလိုမျိုးတော့ မနွေးထွေးစေနိုင်ပေ။

ဖိနပ်အသစ်ကို စီးထားတဲ့ ကျွန်တော့်ရဲ့ ခြေလှမ်းတွေက သွက်လက်နေသည်။ မနက်ပိုင်း ပန်းပင်ရေလောင်းနေကျဆို
ပေမဲ့ မနေ့ကရော ဒီနေ့မနက်အထိပါ ရွာသွန်းထားတဲ့
ဒီပြင်သစ်မိုးကြောင့် ဒီနေ့တော့ ကျွန်တော် ပန်းပင်တွေကို ရေသွားလောင်းစရာ မလိုတော့သည့်အပြင် အိမ်အပြင်ကိုပါ မထွက်မိအောင် သတိထားရပေလိမ့်မည်။ အကြောင်းအရင်းမရှိဘဲ မိုးရေစိုသွားစေမည့်လုပ်ရပ်မျိုးကို ကျွန်တော် လုပ်လိမ့်မည် မဟုတ်။

အချိန်ခနအတွင်း ပြင်ဆင်လို့ပြီးသွားတဲ့ ကျွန်တော့်ရဲ့ မနက်စာပန်းကန်ထဲမှာတော့ ဒီနိုင်ငံမှာ အစားများတဲ့ ပေါင်မုန့်၊
ကြက်ဥကြော် မကျက်တကျက်နဲ့ ဝက်အူချောင်းအနည်းငယ်ကသာ နေရာယူထားသည်။ သူတို့နှင့်အတူ ဘလက်ကော်ဖီခါးခါးတစ်ခွက်ကတော့ ကျွန်တော့်မနက်စာအတွက်
မပါမဖြစ် အရာတစ်ခု။ မနက်စာပန်းကန်တစ်ချပ်၊ ကော်ဖီတစ်ခွက်နဲ့ ဇွန်းခက်ရင်းတစ်စုံက ကျွန်တော့်ရဲ့ ထမင်းစားစားပွဲကို မျက်စိနောက်သွားလောက်တဲ့အထိတော့ မရှုပ်ပွစေနိုင်။ ကျွန်တော့်ရဲ့ မနက်စာကတော့ ထိုမျှလောက်သာ။

Love Again In ParisWhere stories live. Discover now