(8)

97 23 7
                                    

(8)
အမှတ်မထင် ကောက်ရလိုက်သော ဆွေမျိုးကောင်လေး

နာရီပေါင်း ခုနစ်ဆယ့်နှစ်နာရီဟူသော အချိန်က ခပ်မြန်မြန်ပင် ကုန်လွန်သွားသည်။ ချာတိတ်နဲ့ တွေ့ခဲ့တာ နာရီအားဖြင့် ခုနစ်ဆယ့်နှစ်နာရီ ရှိသွားပြီဆိုပေမဲ့ ကျွန်တော့်အတွက်ကတော့ ခုနစ်ဆယ့်နှစ်စက္ကန့်လောက်ပင် မကြာသေးသလိုပင်။ အခုထက်ထိတိုင် သူ့ရဲ့ ရယ်သံသေးသေးလေးတွေ၊ မထိတထိပြောတတ်သည့် စကားသံလေးတွေကို နားထဲ ကြားယောင်နေမိသေးသည်။

သူ့အကြောင်းတွေးလိုက်ရုံနဲ့တင် ကျွန်တော့်၏ နှုတ်ခမ်းထောင့်စွန်း ကွေးတက်သွားရသည်။ သူနဲ့ ပတ်သက်လာရင်
ကျွန်တော်က အမြဲတမ်း အသိစိတ်လွတ်သွားသည့် အရူးတစ်ယောက်လိုမျိုး ဖြစ်သွားရသည်။ နောက်တစ်ခါ ထပ်တွေ့ဖြစ်ရင်တော့ ဒီနာမည်မသိရသေးတဲ့ ချာတိတ်ကို ခေါ်စရာ အမည်နာမတစ်ခုခုတော့ မေးဖြစ်အောင် မေးရမည်။ နာမည်တောင် မသိ​သည့် လူသားတစ်ယောက်အတွက် ကျွန်တော် အရူးမဖြစ်နေသင့်ဘူး မဟုတ်လား။ အခုတော့
ဒီလိုမျိုး သူ့ကြောင့် စိတ်ညစ်စရာတွေ ကြုံရရင်တောင် တ,ဖို့ ခေါ်စရာနာမည် မရှိ။

မိုးတွေ တဖျောက်ဖျောက်ကြားမှာပဲ သူ့ကို လွမ်းဆွတ်နေရသည်။ မနက်ကမှ လဲထားသည့် ရေမွှေးနှင်းဆီပန်းတွေကတော့ ပန်းအိုးငယ်ထဲစွာ လန်းဆန်းစွာပင်။ ခပ်သင်းသင်း ပျံ့နှံ့နေသည့် ပန်းရနံ့က အခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ကျွန်တော် သတိရနေမိတာ ဂျောင်ဝူလား ချာတိတ်လား။ နှစ်ယောက်စလုံးကိုသာဆိုရင်တော့ ကျွန်တော်က မကောင်းတဲ့ကောင် ဖြစ်သွားလိမ့်မည်ထင်သည်။ အင်း တကယ်တော့လည်း ကျွန်တော်က
မကောင်းတဲ့ကောင်တစ်ယောက်ပင်။

ဒီနေ့ နေ့လယ်စာအတွက်ကိုတော့ အီတာလျံစားသောက်ဆိုင်ကပဲ မှာထားလိုက်သည်။ ဒီတစ်ခေါက်တော့ နေ့လယ်စာအား ကျွန်တော် ဆိုင်ကို သွားယူတာ ပိုကောင်းလိမ့်မည်။ ဆိုင်မှာ အလုပ်သမားမရသေးတာကို သိလျက်နဲ့ အဘွား လာပို့ပေးသည်ကို လက်ခံနေရတာက အားနာစရာ ကောင်းလွန်းနေသည် မဟုတ်လား။

ဒီအတိုင်း အိမ်နေရင်း အဝတ်အစားနဲ့ပဲ အီတာလျံဆိုင်ဆီကို ထွက်လာလိုက်သည်။ မိုးဖွဲဖွဲလေး ကျနေသည့် ဒီလိုအချိန်မှာ ကျွန်တော့်ရဲ့ ထီးနီနီလေးကတော့ မပါမဖြစ်ပေါ့။ ပလက်ဖောင်းပေါ်မှာ တင်ကျန်နေတဲ့ ရေအိုင်ငယ်လေးတွေကို ကွေ့ကာပတ်ကာ ရှောင်ရင်းနဲ့ ဆိုင်အပေါက်ဝဆီကို ရောက်လာခဲ့သည်။

Love Again In ParisWhere stories live. Discover now