မိုးများရွာသွန်းနေခဲ့သောနေ့တစ်နေ့ဖြစ်ခဲ့ပြီး အရာရာအား အကျဉ်းတန်စေခဲ့သော ညတစ်ညလည်း ဖြစ်ခဲ့ပါ၏ ။ လက်ထဲတွင် ကိုင်ဆောင်ထားသည့် နှစ်ယောက်တွဲရိုက်ထားသော စုံတွဲဓာတ်ပုံဟောင်းလေးပေါ်တွင်တော့ မျက်ရည်စက်ကလေးများနှင့် ပြည့်နှက်နေခဲ့သည် ။
တစ်ဆက်တည်းမှာပင် ထိုအချိန်အခါကဖြစ်တည်ခဲ့သော ပျော်ရွှင်မှုများအား လွမ်းဆွတ်လာပြီးနောက် ၊ ထိုစဉ်အခါက ပျော်ရွှင်စရာအသံလေးများအားလည်း ပြန်လည်ကြားခဲ့ရသည် ။
"ဂျယ်ယွန်းက ... ကိုယ့်အပိုင်နော် ။"
"ကိုယ်က ... ဂျယ်ယွန်းကို တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတာ ။"
"ဂျယ်ယွန်းသိလား ၊ ဂျယ်ယွန်းဆိုတာက ... ကိုယ့်အတွက်တော့ မွေးရာပါရောဂါလေးလိုပဲ ၊ ဂျယ်ယွန်းမရှိရင်မဖြစ်သလို ၊ ဂျယ်ယွန်းရှိရင်လည်း ကိုယ့်မှာလန့်နေရတယ် ၊ ရင်ခုန်သံတွေ အခုန်မြန်နေလို့ ပေါက်ထွက်သွားမလားတောင် မသိနိုင်လို့လေ ။"
ထိုစကား ၊ ထိုစကားအစုံအား ရှင်းမ်ဂျယ်ယွန်းတစ်ယောက် အတည်မှတ်ပြီး ပျော်ရွှင်ခဲ့ရဖူးသည် ။ ထိုအချိန်များတွင် ရှင်းမ်ဂျယ်ယွန်း၏ အရာရာသည် Ethan Lee ဟူသော ထိုယောက်ျားသား၏အပြောများကြားတွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ရ၏ ။
: Survive the Night :
"ကိုယ်ဆိုတဲ့ကောင်က ... စိတ်ရှုပ်စရာတွေကို မခံစားနိုင်ဘူး ၊ ဂျယ်ယွန်း ။ ကိုယ်က စိတ်ရှုပ်လာရင် အဲ့သည့်ရပ်ဝန်းကို ရှောင်ပလိုက်တာပဲ ၊ ကိုယ် ... မင်းအနားနေရတာ ပင်ပန်းလာပြီ ။ ကိုယ်တို့ ... လမ်းခွဲကြမလား ။"
သွေးအေးစွာပင် ထွက်ရှိလာသော စကားများကြောင့် ဂျယ်ယွန်းမှာ ထိုည၌ ကြက်သေသေခဲ့ရ၏ ။
"ကိုကို ... ရက်စက်တယ် ၊ ပြီးတော့ ... ကျွန်တော် ကိုကို့ကို မေ့မရဘူးလေ ကိုကိုရယ် ။ ကျွန်တော့်ဆီ ပြန်လာပေးလို့ မရဘူးလား ၊ ကျွန်တော်စောင့်နေမှာမို့လေ ၊ ကိုကိုမရှိတဲ့ နေ့ရက်တွေနဲ့ ညတွေကို ကျွန်တော်ဘယ်လို ဖြတ်သန်းရမလဲလေ ။"
ဓာတ်ပုံလေးအားကိုင်ပြီး သည်းထန်စွာငိုကြွေးနေသော ဂျယ်ယွန်းမှာတော့ ရင်ဘက်ကလေးအား ပုတ်ကာဖြင့် ရှိနေခဲ့ပါ၏ ။ သည်းထန်စွာ ထပ်တူရွာသွန်းနေခဲ့သော မိုးများနှင့်အတူပေါ့လေ ... ။
အဆိပ်သင့်စေသော မေတ္တာတရားအား ၊
ဘဝအဆက်ဆက်တိုင်းတွင် ၊
တွေ့ဆုံခြင်းမှ ကင်းကွာရပါလို၏ ။ထိုဆုတောင်းကြောင့် ၊
အကြင်သူသည်ကား ၊
မေတ္တာတရားအား ၊
တန်ဖိုးထားတတ်သည့် ၊
တန်ဖိုးရှိသည့် ၊
လူတစ်ယောက် ဖြစ်လာပါစေသား ... ။: Survive the Night :
A/N : HeeJake Oneshot again ༎ຶ‿༎ຶ
ဒီညမီရင်လည်း ဒီညအပြီးတင်ပေးပါမယ် ၊ ဟီး ။သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ ။
၁၇.၉.၂၀၂၂
YOU ARE READING
Survive the Night | HeeJake ✓
FanfictionI miss the old you & the old times . Time flies so fast & you ... you left me in the past . •lhs x sjy• Start & End Date : 27.10.2022 @cv ctto