1.5 | Survive the Night

571 84 8
                                    

-You left me in the PAST-

Year in 2010

***

နူးညံ့စွာ ဖြစ်တည်လာသော လေညင်းအသွင်ဖြင့် ဂျယ်ယွန်းတစ်ယောက် ဧည့်ခန်းရှိဆိုဖာထက်တွင် စာထိုင်ဖတ်နေခဲ့သည် ။ အငွေ့တထောင်းထောင်းဖြင့်ရှိနေ‌ခဲ့သော ကော်ဖီခွက်ကလေးသည်တော့ မပါမဖြစ် ။ ရာသီဥတု သာယာနေသည်ကတစ်ကြောင်း ၊ အလုပ်ပိတ်ရက်ဖြစ်သည်ကတစ်ကြောင်းကြောင့် ဂျယ်ယွန်း အေးဆေးစွာပင် အနားယူနေခဲ့ပါ၏ ။

ထိုစဉ် ဧည့်ခန်းထဲသို့ လှမ်းဝင်လာသောခြေသံတစ်စုံကြောင့် ဂျယ်ယွန်းစာဖတ်နေရာမှ မော့ကြည့်မိလိုက်သည် ။ မျက်ဝန်းတောက်တောက်ကလေးများနှင့် အမျိုးသားငယ်တစ်ဦးသည် သူ့အားကြည့်ကာ ပြုံးပြနေသည်အား ဂျယ်ယွန်းတွေ့လိုက်ရပါ၏ ။

လျင်မြန်စွာပင် တံခါးမကြီးဘက်သို့ မျက်လုံးအားလွှဲကြည့်မိချိန်မှာတော့ သူ၏အရှေ့ရှိအနှီလူမှာ သဘောပေါက်သွားဟန်ဖြင့် ဂျယ်ယွန်းအား စကား‌စပြောရန် ပြင်လာခဲ့ပါ၏ ။

"အာ ... တံခါးက သည်အတိုင်းမယ်ပွင့်နေတော့ ကိုယ်က ဝင်လာလိုက်တာ ၊ ကိုယ် ... တံခါး‌ခေါက်လိုက်ပါသေးတယ် ၊ ဘယ်သူမှ ပြန်မထူးလို့ ။"

"ဟုတ်ကဲ့ ၊ ဒါနဲ့ ဘယ်သူနဲ့တွေ့ချင်လို့လဲ မသိ ။"

ဂျယ်ယွန်း၏အမေးကြောင့် ထိုအမျိုးသားငယ်မှာ ဒုတိယံပိထပ်မံပြုံးပြလာကာ ထိုအပြုံးမှာ အင်မတန်နူးညံ့လွန်းသည်ဟု ဂျယ်ယွန်းအား တွေးထင်ခဲ့မိစေပါ၏ ။

"ကိုယ့်နာမည် အီဟီဆွန်းပါ ၊ ကိုယ်က ... ဦးလေးရှင်းမ်ရဲ့အသိမိတ်ဆွေပါ ။ ဦးလေးက လာခဲ့ပါလို့ ခေါ်ထားလို့ ။"

"ဪ ၊ ဟီဆွန်း ... သား ရောက်လာပြီလား ။ ရှင်းမ်ဂျယ်ယွန်း ... ဘာလုပ်နေတာလဲ ၊ ဧည့်သည်ကို ထိုင်ခိုင်းဦးမှပေါ့ ။"

ဂျယ်ယွန်း၏ဖခင်ဖြစ်သူသည် အခန်းအတွင်းမှထွက်လာပြီးနောက် ဟီဆွန်းအားမြင်သည်နှင့် မိတ်ဆက်သဟဲပြုတော့သည် ။ ဂျယ်ယွန်းမှာတော့ နှာခေါင်းတစ်ချက်ရှုံ့လိုက်ကာဖြင့် တစ်ဖက်ရှိ စတီခုံပေါ်ပြောင်းထိုင်လိုက်ပြီးနောက် ဖတ်လက်စစာအုပ်ကိုသာ ဆက်၍ဖတ်နေခဲ့၏ ။

Survive the Night | HeeJake ✓Where stories live. Discover now