1 | Survive the Night

634 105 8
                                    

ည၏အလင်းရောင်သည် မဟူရာလမင်း၏အကူအညီဖြင့် အနည်းငယ်မျှ ထိန်လင်းနေခဲ့သည် ။ ‌ကော်ဖီခွက်အားကိုင်ဆောင်ထားသော လက်တစ်စုံသည် ဝရံတာ၏အကွယ်ဘက်တွင် တုန်လှုပ်နေခဲ့သည့်ဟန်ရှိနေခဲ့၏ ။

မျက်ရည်များဖြင့် ဝန်းရံနေသောမျက်ဝန်းတစ်စုံ၏ အကြည့်များသည် တိုက်ခန်း၏အောက်ဘက် လှေကားအကွယ်နေရာတွင် တွယ်ဖက်နေကြသော လူနှစ်ယောက်ထံတွင် ရှိနေခဲ့သည် ။ ပြူထွက်လာသော သိမ်ငယ်စိတ်နှင့် လျှံကျလာသောမျက်ရည်စများသည် တစ်ချိန်တည်းမှာပင် အတောမသတ်နိုင်စွာဖြင့် ဖြစ်တည်နေခဲ့၏ ။

တွယ်ကာဖက်လျက်ရှိကြသော လူနှစ်ဦးမှာတော့ တစ်အောင့်အကြာမှသာ ဖက်ထားသည်အားခွာလိုက်လျက် တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်လိုက်ကြသည် ။ ထိုနှစ်ဦးအနက်မှ တစ်ဦးမှာ တိုက်ခန်းရှိရာ လှေကားပေါ် ပြေးတက်လာချိန်မှာတော့ ဝရံတာအကွယ်တွင်ရပ်နေသော ကောင်ကလေးမှာ လျင်မြန်စွာပင် အခန်းထဲသို့ ပြေးဝင်လာခဲ့ပါ၏ ။

ထွက်ပေါ်လာသော တံခါးလှည့်ဖွင့်သံနှင့်အတူ အခန်းထဲသို့ အပြုံးပန်းဖြင့်ဝင်ရောက်လာသော လူတစ်ယောက် ... ။

ကော်ဖီခွက်ကလေးအား ကိုင်ထားကာ အရာရာအားမသိချင်ယောင်ဆောင်ထားလျက် ဧည့်ခန်းတွင်ထိုင်နေခဲ့ပြီး ပြုံးနေခဲ့သော ကောင်ငယ်လေး ... ။

"ကိုကို ... ပြန်လာပြီလား ။"

တုန်ရီသံအားမထွက်စေရန် အတင်းအံကိုကြိတ်လျက် အားတင်းကာဖြင့် မေးလိုက်မိသော စကားတစ်ခွန်း ။

"အင်း ၊ ကိုယ်ပြန်လာပြီ ဂျယ်ယွန်း ။"

ပြောပြောဆိုဆိုနှင့် ထိုလူသည် ဂျယ်ယွန်းဆိုသည့်ကောင်လေး၏နံဘေးနားရှိ ဆိုဖာတွင်ဝင်ထိုင်လိုက်ပြီးနောက် ဂျယ်ယွန်း၏ပခုံးစွန်အား မှီလိုက်ကာဖြင့် အမှီသဟဲပြုလိုက်ပါ၏ ။

ရုတ်တရက် ဂျယ်ယွန်း၏နှာခေါင်းထံသို့ ဝင်ရောက်လာခဲ့သော မွှေးပျံ့လွန်းသည့်ရနံ့ခပ်စူးစူး ။ သေချာစွာ အနံ့ခံကြည့်ချိန်မှာတော့ ထိုအနံ့ခပ်စူးစူးသည်ကား သူ၏ဘေးရှိ အနှီလူထံမှ ထွက်လာခဲ့ခြင်းဖြစ်နေခဲ့၏ ။

Survive the Night | HeeJake ✓Where stories live. Discover now