-sometimes love just ain't enough
***
ခြောက်သွေ့သောလေနုအေးသည် ကျောတွင်းသို့စိမ့်နေအောင် အေးချမ်းစေခဲ့၏ ။ အခန်းကျဉ်းလေး၏ ထောင့်တစ်နေရာတွင် ကောင်လေးတစ်ယောက်သည် တုန်ရီနေသော လက်တစ်စုံနှင့်အတူ မသောက်ဖူးသော စီးကရက်လိပ်အား သောက်ဖွာနေခဲ့ပြီးနောက် သည်းထန်စွာရွာသွန်းနေသော မိုးစက်များ၏ အလျင်အား မြင်နေရသောပြတင်းပေါက်မှတစ်ဆင့် ကြည့်နေခဲ့ပါသည် ။
နဖူးပြင်ထက်ရှိ စွန်းပေနေသော သွေးရည်များအား မျက်ကွယ်ပြုထားလျက် အရာရာအား အလျှော့ပေးချင်နေသော မျက်ဝန်းတစ်စုံသာလျှင် ထိုကောင်လေးထံ၌ ရှိနေခဲ့၏ ။
"အရာအားလုံးပြီးသွားပြီ ၊ ဘာမှပြန်မရတော့ဘူး ။"
ထိုစကားကိုသာ ပါးစပ်ဖျားမှ အကြိမ်ကြိမ်ရွတ်ဆိုခဲ့ပြီးနောက် ဦးနှောက်သည်ကား မနက်ပိုင်းဖြစ်ခဲ့သော ဖြစ်စဉ်များထံသို့ အလိုအလျောက်တွေးမိသွားခဲ့သည် ။
•••
-2012 June 23
Downtown တစ်နေရာ၏ Coffee ဆိုင်တစ်ခု၏ ထောင့်ဝိုင်းတစ်နေရာတွင် ဂျယ်ယွန်းရှိနေခဲ့သည် ။
အေးငြိမ့်စွာပင် အရာရာအားမြင်လေ့ရှိတတ်သော သူ၏အမြင်အား ၊ မအေးချမ်းအောင် လုပ်နိုင်သူမှာတော့ သူ၏အရှေ့သို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည် ။အီဟီဆွန်းနှင့်ကောင်မလေးတစ်ယောက် ၊
တွဲချိတ်လာသော လက်တစ်စုံ ၊
ရယ်မောပျော်ရွှင်နေကြသော သူတို့နှစ်ဦး ။တုန်လှုပ်သွားသော မျက်ဆန်လေးနှင့်အတူ မျက်ရည်များရစ်သိုင်းလာသော မျက်အိမ်ပြာ ။
ဂျယ်ယွန်းတစ်ယောက် တုန်ခါလာသောလက်နှစ်ဖက်အား အကြိမ်ကြိမ် ၊ အချင်းချင်းဖိချေနေခဲ့ပြီးနောက် စိတ်လှုပ်ရှားမှု ၊ သိမ်ငယ်မှု ၊ ဒေါသဖြစ်မှုနှင့်အတူ ဟီဆွန်းထိုင်နေသော စားပွဲဆီသို့ လျှောက်လှမ်းသွားရန် ပြင်လိုက်လေ၏ ။"ကိုကို ... ဒါ ဘယ်သူလဲ ။"
ဟီဆွန်း၏ဖုန်းကာဗာအနောက်တွင် ထည့်ထားသော ဂျယ်ယွန်း၏ပုံလေးအား ဟီဆွန်း၏ဘေးရှိ ကောင်မလေးမှ မြင်သွားပုံနှင့် ဟီဆွန်းအားမေးလာခဲ့သည် ။ ဂျယ်ယွန်းသည်လည်း သူတို့နှစ်ဦးထံ လျှောက်လှမ်းလာသည်ဖြစ်ရာ နှစ်ဦး၏ ပြောစကားများအား ကြားနေပြီဖြစ်ရာ ဟီဆွန်းမည်ကဲ့သို့ ဖြေမည့်အကြောင်းအား ရင်တမမဖြင့် အနားတိုးကပ်ကာ နားထောင်ခဲ့မိ၏ ။
YOU ARE READING
Survive the Night | HeeJake ✓
FanfictionI miss the old you & the old times . Time flies so fast & you ... you left me in the past . •lhs x sjy• Start & End Date : 27.10.2022 @cv ctto