နာရီနိုးစက်သံကြောင့် ချက်ခြင်းဆိုသလိုအသိထဲသို့ဝင်ရောက်လာသည်က အလုပ်သွားရမည့်အကြောင်း။ သို့သော် ထိုအတွေးနောက်ကဝင်ရောက်လာသည့်အကြောင်းအရာများက သူမကိုစိုးရိမ်စိတ်ဝင်စေသည်။
ညကသူမဘာတွေလုပ်ခဲ့မိသည်မသိ အိမ်ကဖေဖေမေမေတို့သိလျှင်သူမကိုဆူနိုင်သည့်အခြေအနေ။ သူမကိုယ်တိုင်သည်လဲ ဘာလို့များ ထိုမိန်းခလေးကို ခေါ်ယူခဲ့သည်မသိပါ။ ထိုမိန်းခလေးမနိုးခင်အမြန်သွားနိုင်ရန်အတွက်ပုံမှန်ထပ်စောကာနိုးစက်ပေးထားခြင်းကြောင်လ ၂ နာရီမျှစောနေသည့်အနေအထား။ စိတ်လောနေ၍ တစ်နာရီကိုဆယ်နာရီလောက်ကြာနေသည်ဟုထင်မိသည်။
အိပ်ယာထရေချိုးပြီးသည်နှင့် သူမအတွက်စီစဥ်ပေးထားပါသော နွားနို့နှင့်အစာပြေမုန့်များအနည်းငယ်စားသောက်ပြီးနောက် ကိုယ်တိုင်သာကားမောင်း၍တိုက်ခန်းသို့တန်းလာခဲ့ရသည်။ တကယ်ဆို သူမနှင့်ကလျာသာသိပါသော သူမ၏တိုက်ခန်းသို့ခေါ်သွားရန်လုပ်သော်လဲ နိုးလာလျှင်အထင်လွဲမည်ဆိုးသောကြောင့် ကလျာ့၏တိုက်ခန်းကိုသာခေါ်သွားခဲ့ရသည်။ သို့ဖြစ်ပါ၍ အနည်းနှင့်အများတော့ထိုကောင်မလေးအတွက်အဆင်ပြေကောင်းပြေနိုင်ပေသည်။
တီးတောင်...တီးတောင်။
door bell အသံကြောင့်တံခါးလာဖွင့်သောကလျာမှာ မနတ်စောစော ဓာတုကိုတွေ့လိုက်ရ၍ အံသြနေဟန်။
"မမ ဘယ်လိုလုပ်အစောကြီးရောက်လာတာလဲ"
"ဟိုကောင်မလေးအခြေအနေလာကြည့်တာ ဒီမှာလမ်းမှာမနတ်စာအစာပြေစားဖို့မုန့်တွေလဲဝယ်လာခဲ့သေးတယ်"
"နိုးတာတော့နိုးနေပြီမမရဲ့ ဘာမှတော့ထူးထူးခြားခြားမရှိဘူး"
"ဟုတ်ပြီ ဒါဆို ကလျာလုပ်စရာရှိတာလုပ်နော် မမ အိမ်ရှေ့ဧည့်ခန်းမှာပဲထိုင်စောင့်နေလိုက်မယ်"
"ဟုတ်ကဲ့မမ"
သူမ၏ ipad နှင့် အလုပ် file များအားကြည့်နေချိန် သူမဘေးနားလာရပ်သည့် ထိုအမည်မသိကောင်မလေးကြောင့် လုပ်လက်စအလုပ်များကိုရပ်တန့်ပြီးသူ့အားအချိန်ပေးခဲ့လေသည်။
YOU ARE READING
မာယာ [completed-10]
Romanceကျော့ကွင်းမှန်းသိသိနဲ့ကို ထောင်ချောက်ထဲတည့်တည့်တိုးမိခဲ့ပါရဲ့ ခတ်ရပြန်တယ် မာယာရယ်။ အဆိပ်ရှိတဲ့နှင်းဆီပွင့်ကိုမှလိုချင်နေမိတဲ့သူတစ်ယောက်မို့ အသက်လဲအသေခံနိုင်ပါရဲ့။ U+Z