1.6K 94 1
                                    

ညစာထမင်းစားပွဲဝိုင်း၏ထိပ်ဆုံးမှာတော့ ဥပဓိရုပ်အခံကြောင့် ဇယာမယွင်းသေးသည့်ဓာတုတို့၏ဖခင် ဘေးတစ်ဖတ်တစ်ချက်မှာတော့ မေမေနှင့် ကိုကိုကမျက်နှာချင်းဆိုင် မေမေ့ဘေးမှာတော့ ဓာတု။ ဓာတု၏မျက်နှာချင်းဆိုင်မှာ ကိုကို့၏ဇနီး။ အကယ်၍မောင်လေးရှိနေလျှင် မောင်လေးကဓာတုဘေးမှာထိုင်ရမည်ဖြစ်သည်။

ဒါသည်သူတို့အိမ်၌ထမင်းစားချိန်အတိုင်းမေမေသက်မှတ်ထားပါသောစည်းကမ်းတစ်ခုဖြစ်သည်။ ထို့ပြင် မေမေနှင့်အတူထမင်းစားဖြစ်သည့်အခါ တော်ယုံစကားမပြောရပါ။ ထိုအတွက် သူမတို့၏ထမင်းစားဝိုင်းကဇွန်းသံခရင်းသံခပ်တိုးတိုးသာကြားနေရသည်။

မနေ့ကမာယာနှင့်အတူမုန့်စားကျတော့ သူမဘေးကနေစကားတပြောပြောနှင့်စားလိုက်စကားပြောလိုက်လုပ်နေသည့်မာယာအကြောင်းတွေးမိတော့ပြုံးမိပြန်သည်။ အကယ်၍မာယာသာ သူတို့အိမ်၌နေလျှင်အဆင်မပြေဖြစ်နိုင်သည်ဟုတွေးမိသွားတော့ရယ်ချင်နေသည်ကိုမျိုသိမ့်ထားရပြန်သည်။

ထမင်းစားပြီးချိန်၌တော့အသီးသီးကိုယ်စီအလုပ်များပြန်၍လုပ်ကိုင်နေကျရာ သူမကတော့ သူမတာဝန်အတိုင်း အလုပ်ဖိုင်များကိုပြန်စစ်ဆေးပြီး Ella လေးအတွက်လဲ အားဆေးတိုက်ရသေးသည်။

(My youth, my youth is yours Trippin' on skies, sippin' waterfalls My youth, my youth is yours..)

Ella လေးနှင့်ကစားနေတုန်း ကုတင်ပေါ်ကဖုန်းသံကြောင့်ထကြည့်လိုက်တော့ မာယာဟု english လိုမှတ်ထားပါသော အဝင်ကောလ်တစ်ခုကြောင့် အံသြသွားရသည်။

"ဟယ်လို"

"ဟား...မမ တကယ်ကိုင်တာပဲ မာယာက မမ မကိုင်လောက်ဘူးတောင်ထင်နေတာ"

"တို့မှမအိပ်သေးတာကွယ် အလုပ်တွေပြီးတော့သမီးလေးနဲ့ခဏကစားပေးနေတာ မာယာဘာကိစ္စရှိလို့လဲဟင်"

"အင်း..ဘာမှမရှိပါဘူး ဒီတိုင်းသတိရလို့ သူငယ်ချင်းတွေနဲ့ TGIF လေ ဟီး"

"ထင်ပါတယ်အဲ့တာကြောင့်အသံတွေကဖုန်းထဲမှာတောင်ဆူညံနေတာ နောက်ပြီးသောက်ထားသေးတယ်မဟုတ်လားကောင်မလေး"

"နည်းနည်းပါမမရဲ့"

မာယာ၏ဖုန်းခေါ်မှုကြောင့်ကုတင်ပေါ်မှာပဲထိုင်ရင်း မာယာပြောတာနားထောင်လိုက်နှင့်ဖုန်းပြောနေခဲ့မိသည်။ ဖုန်းပြောချိန်ကိုကြည့်တော့၁၅မိနစ်ကျော်ကြာ။ ထို့နောက်မာယာက သူငယ်ချင်းတွေပြန်ခေါ်နေကျပြီဟုဆိုကာဖုန်းချသွားပြီးနောက်သူမမယ်ကုတင်ပေါ်မှာဖုန်းကိုင်ရင်းသာကြောင်နေခဲ့သည်။

မာယာ [completed-10]Where stories live. Discover now