၂၂ ဇာက်သိမ်းပိုင်း

2.8K 109 3
                                    

လွန်ခဲ့သော နှစ်ခြောက်ဆယ်ကျော်က ဒေါ်သက်ထားစံဆိုတာ အချစ်ကိုဘဝမှတ်လို့ မိဘအိမ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် လက်ရှိအမျိုးသားနောက်လိုက်ခဲ့သူလေ။ လက်ရှိအမျိုးသား ဦးမင်းမြတ်ဆိုတာ သာမာန်အညတရ တနေ့လုပ်မှတနေ့စားလူတန်းစား။ ရွှေပေါ်မြတင် သူနဲ့ တနေ့လုပ်တနေ့စားကိုမင်းမြတ်တို့အကြောင်းပါလာတော့ သူတို့ဘက်ကလိုက်ဖျတ်ကျသည်လေ။ တစ်ရက် အိမ်ကသူတွေမသိအောင်ခိုးရာလိုက်ပြေးရသည်။ ကိုမင်းမြတ်အားအသေရရအရှင်ရရ သက်မယ်တကဲကဲလိုက်နေကျ၍ သူတို့နှစ်ယောက်တွေ့ရအိမ်ထဲပြေးဝင်ကျရသည်။ ဖြစ်ချင်တော့ထိုအိမ်က အကြားအမြင်ဆရာမတစ်ယောက်၏အိမ်ဖြစ်နေသည်လေ။

သူတို့နှစ်ယောက်ကိုမြင်တော့ ထိုဆရာမက စူးရဲရဲအကြည့်တစ်ချက်ပို့သည်။ ထို့နောက် သူ့အနားမှာအသံတစ်ချက်မထွက်ပဲနေသေခဲ့သည်။ နောက်ကလိုက်သည့်လူအုပ်မှာ သူတို့နှစ်ယောက်ဒီအိမ်ထဲပြေးဝင်ကျတာသိလေတော့ အိမ်အနံပိုက်စေ့တိုက်လိုက်ရှာကျလေသည်။ ထိုဆရာမနေ့တဲ့အခန်းထဲအထိရှာပေမဲ့ သူတို့အားမြင်ဟန်မရှိ။ ထို့ကြောင့်ပင် သူကောကိုမင်းမြတ်ပါ ပါးစပ်အဟောင်းသားဖြင့်လေးစားကြည်ညိုခဲ့လေသည်။

ရှေးဘဝက ပဌာန်းစက်ကြောင့်အခုလိုတွေ့ဆုံကြုံကြိုက်၍ကူညီရတာဖြစ်သည်ဟူ၍လဲမှတ်ချက်ပြုလေသည်။ ထို့နောက်သူတို့နှစ်ယောက်ကိုထိုဆရာမကသူ့အိမ်၌ပေးနေခဲ့သည်။ ထိုအချိန်တုန်းက ထိုဆရာမက လူမသိသည့်အကြားအမြင်ဆရာမတစ်ပါးဖြစ်လေသည်။ ဆရာမ၏လမ်းညွှန်ပြသချက်များကြောင့်ပဲ သူဟာစီးပွားရေးလောကသို့ဝင်ရောက်ခဲ့ပြီး ပိုက်ဆံရှာနိုင်ခဲ့သည်လေ။ ထိုသို့အချိန်၌ သားကြီးကိုမွေးဖွားခဲ့ပြီးသူတို့မိသားစုလေးပျော်ပျော်ရွင်ရွင်ဖြစ်နေတုန်း တစ်ရက်အိပ်မတ်ထဲ သူနှင့်အတူနေချင်ပါသည်ဟုဆိုကာ သွေးသံတရဲရဲနှင့်ကောင်မလေးမှာ လက်အုပ်ချီ၍မျက်ရည်ဖြိုင်ဖြိုင်ကျကာတောင်းဆိုနေသည့်အိပ်မတ်ကြောင့် ချက်ချင်းပင် ဆရာမကြီးထံသို့ညတွင်းချင်းအပြေးသွားရသည်။

ဆရာမထံသို့ရောက်သည့်အခါ သူ့အားစိတ်အေးအေးထားဖို့နှင့် နောက်တစ်ခေါက်များထိုအိပ်မတ်မှတ်လျှင် တောင်းဆိုတာကိုလက်ခံလိုက်ဖို့ပြောလေသည်။ ထို့ပြင် သတိပေးချက်တစ်ခုပါပြောကြားလေသည်။ အကယ်၍ ထိုကလေးမလေးအားလက်ခံလိုက်ပြီဆိုသည်နှင့် အနာဂတ်မှာဖြစ်လာမည့်ကိစ္စအဝဝကို ဆရာမကသူ့ကိုအသိပေးရမည်ဖြစ်ကြောင်း။ ကလေးမလေးအား သေချာဂရုစိုက်ရန်မှာကြားလေသည်လေ။ ထို့ပြင် ခလေးမလေး၏အသက်ဝိဉာဥ်ဟာအားနည်းလာသည့်အတွက် သူ့အားအကူအညီတောင်းရသည်ဖြစ်ကြောင်း။ အတိတ်ကုသိုလ်ကံကြောင့် သူတို့ဟာသားမိအနေဖြင့်ပြန်လည်တွေ့စုံရသည်ဖြစ်ကြောင်း။

မာယာ [completed-10]Where stories live. Discover now