2 👑

206 8 0
                                    

#unicode

Seok Jin က အေးအေးလူလူ သူ့ဆေးတံကြီးကိုအငွေ့တလူလူထွက်အောင်ဖွာလိုက်ပြီး
''ဘာလို့ အဲ့လောက်လန့်သွားရတာလဲ Nam Joon? အခုခေတ်မှာတော်ဝင်
အနွယ်တော်တယောက်က မိန်းမတယောက်ကိုပဲလက်ထပ်ရမယ်လို့သတ်မှတ်ထားလို့လား..?မိန်းမတယောက်ကိုယူမှ​
တော်ဝင်မျိုးနွယ် ရင်သွေးကိုချန်ခဲ့လို့ရမှာလား? ဒီလောက်ဆေးပညာတိုးတက်တဲ့ခေတ်မှာခလေးတယောက်ကို အဌားကိုယ်ဝန်ဆောင်မိခင်နဲ့မွေးလို့ရနေတာကိုမင်းလဲသိရဲ့သားနဲ့...''

''ဒါပေမဲ့ hyung!!..hyung က ဒီနိုင်ငံတခုလုံးရဲ့စံပြ  သြဇာက္ကိမအကြီးမားဆုံးမင်းစိုးရာဇာရှင်ဘုရင်အရိုက်ရာကိုဆက်ခံရမဲ့သူလေ..hyungရဲ့ ကြင်ယာတော်မိဖုရားကယောကျာ်းကြီးတယောက်ဆိုရင်...ကျွတ်...မဟုတ်သေးပါဘူးကွာ..
ပြီးတော့ ကျနော်တို့ရဲ့ တော်ဝင်မိသားစုဂုဏ်ကျက်သရေကအတော်ဆုတ်ယုတ်သွားမှာ...''

''ဒီတော့လဲ မင်းပဲအိမ်ရှေ့စံအရိုက်ရာကိုဆက်ခံပြောင်းယူလိုက်ပေါ့..ပြီးတော့ တနေ့ရှင်ဘုရင်အဖြစ်မင်းပဲစိုးစံလိုက်ပေါ့..ထီးနန်းကိုမင်းကိုလွှဲပေးမယ်..''

''အဟက်..hyung ရယ်..Harvard University မှာတောင် PhD ယူလာတဲ့ hyung လိုအိမ်ရှေ့စံတယောက်က ယောကျာ်းတယောက်အတွက်နဲ့များထီးနန်းကိုစွန့်မယ်တဲ့လား..ထီးနန်းကို ဟင်းရွက်ကန်စွန်းလိုလွယ်လွယ်ပေးချင်တိုင်းပေးလို့ရတယ်ထင်နေတာလား..?? ကျနော်တို့ Kim Dynasty တော်ဝင်မင်းဆက် မိသားစုရဲ့မျက်နှာကို ဘယ်သွားထားရမလဲ.hyung အတွေးခေါ်တွေအသိဥဏ်တွေဘယ်ရောက်သွားလဲ.???ရူးသွားတာလား?''
NamJoon က ဒေါသတကြီးကိုထအော်တယ်..Jin ကတော့ Nam Joon စကားကိုအရေးတော်မလုပ်သလိုဆေးတံအဖွာမပျက်။
Nam Joonက Jin ထက်အငယ်သာဆိုပေမဲ့တမိသားစုလုံးကို အရမ်းသြဇာလွှမ်းမိုးနိုင်တယ် ခမည်းတော်နဲ့မယ်တော်ကအစJoon ကိုဆိုပြန်မပြောရဲ။ Joon ကလဲအရမ်းထက်မြက်ပြီး genius ဖြစ်လွန်းတာကိုး..သူကစစ်သားရှေ့နေဆိုတော့စကားပြောလဲခပ်မာမာခပ်ပြတ်ပြတ်။
''မင်းက homophobic လား Nam Joon.??.''

Jin အမေးကြောင့် Nam Joon မျက်နှာပိုခက်ထန်မာကြောသွားရတယ် (Homophobic ဆိုတာအားလုံးလဲသိမှာပါ..လိင်တူ homosexual ချစ်သူ တွေကိုမုန်းတီးသူပေါ့)

The Royals (Vmin/BL) 🔞Where stories live. Discover now