4 👑🔞

714 10 0
                                    

#uni

''တော်တော့ Taehyung ငါတကယ်ဒီကိစ္စမှာတော့မင်းစိတ်ကြိုက် အလိုမလိုက်ပေး
နိုင်သလို မင်းကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်တယ်လို့ ထင်လဲအရေးမစိုက်ဘူး...''

Jimin ကပြောရင်းအံကိုခပ်တင်းတင်းကြိတ်ခါ သူ့ ကားကိုလီဗာကိုစွတ်နင်းရင်းအရှိန်အမြင့်ဆုံးနဲ့ highway လမ်းမကြီးဖက်ကနေဖြတ်မောင်းလာတယ်... Tae မှာခုံကခါးပတ်ကိုအသေချာပတ်ပြီးအသေချာကိုင်ထားရင်း
''yarr ဖြေးဖြေးမောင်းပါဟ... ကားတိုက်လို့နှစ်ယောက်လုံးမသာပေါ်နေမယ်..ဒါနဲ့
​မင်းအခုဘယ်ကိုမောင်းနေတာလဲ Jimin??''
Tae အလန့်လန့်ဖျန့်ဖျန့်နဲ့မေးလာတော့ Jimin က

''အလည်လွန်နေတဲ့အပေတေလေး မင်းကိုအိမ်ပြန်ပို့မလို့...'''

Tae, Jimin မျက်နှာလှလှလေးအခုလောက်ဒေါသရိပ်ကြောင့် အနီရောင်သန်းကာခက်ထန်တာမျိုးတခါမှမမြင်ဖူး။ အထူးသဖြင့် Jiminကသူ့အတွက်ဆိုအလိုလိုက်အကြိုက်ဆောင်ပေးခဲ့တဲ့သူငယ်ချင်းမျိုးမို့။

Jimin... Kim Royal palace..တော်ဝင်Kim မိသားစုရဲ့စံအိမ် တနည်းအားဖြင့် နန်းတော်ဆီကိုမောင်းလာခဲ့ရင်း နန်းတော်ဝင်ဝမှာ..

''ဆင်းတော့ Taehyung မင်းအိမ်ရောက်ပြီ....နောက်ဆိုအဲ့ Yeonjunဆိုတဲ့ကောင်လေးနဲ့ မင်းထပ် ပက်သက်ဖို့မစဥ်းစားနဲ့..''

Jimin စကားကြောင့် Tae အီလည်လည်နဲ့...တခါမှJimin ကသူ့ကိုအခုလောက်ရင့်သီးစွာမဆက်ဆံဖူးသလို Jimin ရဲ့အမိန့်စကားကိုသူဘာလို့အခုချိန်အပြစ်သားတယောက်လိုမလွန်ဆန်နိုင်ပဲလိုက်နာနေမိရတာလဲ??Tae သူ့ကိုယ်သူတောင်နားမလည်ပေမဲ့ကားပေါ်က ဆင်းလိုက်တယ်

''Park Jimin အရူးကောင် ရာရာစစမင်းလိုသံအမတ်သားကများငါလိုတော်ဝင်မင်းသားကိုအမိန့်လာပေးနေသေးတယ်..နောက်တခါငါနဲ့လာမပက်သက်နဲ့.ငါမင်းကိုမုန်းတယ် Jimin.''

''ဒုန်း'''

Tae ကားပေါ်ကဆင်းပြီးကားတံခါးကိုဆောင့် ပိတ်ကာ အရူးတယောက်လို ဒေါသတကြီးကားတံခါးကို ကန်လိုက်သေးတယ်
Jimin က ခပ်မဲ့မဲ့လေးပြုံးကာ Taeကိုလှမ်းကြည့်ရင်း

''ငါကတော့ မင်းကိုချစ်တယ်..မင်းမုန်းလဲချစ်နေမှာ..''

ပြောပြီးတာနဲ့ Jimin ကားကိုဝူးခနဲမောင်းခါထွက်သွားတယ်။ Tae, Jiminစကားကိုနားမလည်စွာနဲ့ နေရာမှာတွေဝေငေးရင်း အူကြောင်ကြောင်ကျန်ခဲ့တယ်...Jimin ဘာကိုဆိုလိုတာလဲ??Jimin ရူးနေပြီလား?? သူ့ကိုချစ်တယ်??ဒါဘာကိုဆိုလိုတာလဲ? ဘာလို့ Jimin အဲ့လောက်ဒေါသတွေကြီးနေရတာလဲ?
Tae နန်းတော်အဝင်ဝမှာအူလည်လည်နဲ့တော်တော်ကြာအောင်ရပ်နေမိသေးတယ်

The Royals (Vmin/BL) 🔞Waar verhalen tot leven komen. Ontdek het nu