#uni
တစ်နာရီကျော်ကျော်လောက်နေတော့ Hoseok ပြန်ရောက်လာတယ်။
Nam Joon ရော Hoseokပါ ဒီနေ့စစ်တပ်ထဲကနေduty off ရပ်မို့အပြင် Hotel တခုမှာ ရှိနေကြတယ်။
Hoseok..Hotel ခန်းထဲပြန်ရောက်တော့ Nam Joon က whiskey တပုလင်းကိုတယောက်တည်း တနာရီအတွင်းဘယ်လိုတောင်သောက်ထားတယ်မသိ..ပုလင်းကတဝက်ကျိုးနေပြီ။''ငါ...ငါ အရမ်းမှားနေပြီလား Hoseok ah..''
''ဘာကိုလဲ Nam Joon..မင်းဘာကိုမှားလို့လဲ??'' Hoseok ကတပ်ထဲမှာသာ Nam Joon ကိုစည်းကမ်းအရ ဗိုလ်မှူးဆိုပြီးတရိုတသေတလေးတစားခေါ်တာ။ အခုလိုအပြင်မှာအချင်းချင်းစကားပြောရင်တော့နာမည်ပဲတရင်းတနှီးခေါ်ဖြစ်တယ်။သူတို့ကသက်တူရွယ်တူသူငယ်ချင်းတွေလေ
အခုလဲ Nam Joon အရက်တွေမူးရူးပြီးစားပွဲမှာခေါင်းငိုက်စိုက်ကျနေတယ်။''ငါ..ငါ Jin hyung နဲ့ Jungkook အပေါ် အရမ်းရက်စက်သလိုဖြစ်သွားပြီ
..ငါမတရားဘူးမဟုတ်လား..?သူတို့အကြောင်းကို ခမည်းတော်ဘုရားကိုပြောပြလိုက်တာ..သူတို့အတွက်သေတွင်းတူးပေးသလိုဖြစ်သွားပြီ..နောက်ပြီးညီတော်Taehyung နဲ့ သူ့သူငယ်ချင်း Jimin တို့အကြောင်းကိုလဲလိုက်ဖုံးဖိနေရတယ်! တကယ်တော့ ငါအရမ်းပင်ပန်းနေပါပြီ.. ဒါတွေကိုငါမလုပ်ချင်ပဲလိုက်လုပ်နေရတာ..အဲ့ဒါ ငါတို့ Kim Dynasty ရဲ့ဂုဏ်သိက္ခာအတွက်ပဲ.. အရူးတယောက်လို ငါတယောက်တည်းပဲ villian ဇာတ်ခင်းနေရတာ..''
Nam Joon ကအရက်တွေမူးပြီးတတွတ်တွတ်ပြောလို့..သူ့ပါးပြင်ပေါ်လဲမျက်ရည်တွေစီးကျလို့။
Hoseok..Nam Joon အနားတိုးသွားပြီး..NamJoonရဲ့နဖူးပေါ်ကချွေးတွေနဲ့ပါးပြင်ပေါ်ကမျက်ရည်တွေကိုခပ်ဖွဖွလက်လေးနဲ့ပွတ်သပ်ကာသုတ်ပေးလိုက်ရင်း
''ငါမင်းကို အဆုံးစွန်ဆုံးထိနားလည်တယ် Joon.. ဒါတွေကမင်းအပြစ်မဟုတ်ပါဘူး..ဒါပေမဲ့ တကယ်ပဲမင်းစိတ်ထဲမှာ homosexualကိုရွံရှာစက်ဆုပ်ပြီးမုန်းတီးနေတာလား Joon?ဒါကိုတော့ငါတကယ်သိချင်မိတယ်..''
Hoseok အမေးကြောင့် Joon မျက်လုံးတွေအသေချာပွင့်လာကာ Hoseokကိုမျက်ရည်တွေရစ်ဝိုင်းနေတဲ့မျက်ဝန်းတွေတဲ့မော့ကြည့်လာတယ်
''ငါ သူတပါးချစ်ခြင်းကိုလိုက်ခွဲနေ တဲ့ဗီ
လိန်လုပ်ရတာ အရမ်းကိုပင်ပန်းနေပြီ Hoseok.. ငါလိင်တူချစ်ခြင်းကိုမရွံမုန်းပါဘူး.. ငါ..ငါ..ချစ်ခြင်းမေတ္တာကိုနားလည်ပါတယ်..ငါ..''
YOU ARE READING
The Royals (Vmin/BL) 🔞
FanfictionBL BTS fanfiction #Written in Both Zawgyi and Unicode