~ ၁၆ ~

84 6 2
                                    

[ Unicode ]
----------------

နေရာစိမ်း အိပ်ယာစိမ်းဖြစ်နေပေမဲ့ တည်တံ့စေအတွက်တော့ထူးပြီးအိပ်မရတာမျိုး အိပ်လို့မပျော်တာမျိုးမရှိပါ ။

ကြည့်ရတာ ကျွန်တော်နဲ့အနီးဆုံးနေရာမှာနှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့တစ်ဦးတည်းသောလေးလေးကို ပြန်ရှာတွေ့လိုက်ရလို့ပိုပြီးစိတ်ချလက်ချအိပ်ပျော်တာဖြစ်မယ် ။ တောင်ကြီးမြို့ရဲ့ဆောင်းဦးရာသီမနက်ခင်းဟာ ရန်ကုန်ကထက်ဆာရင် သုံးဆလောက်ပိုအေးပါသည် ။

သို့သော် ကိုယ့်အိမ်မှာလိုတော့အိပ်ချင်တိုင်းအိပ်လို့မရ ။ ဒီအိမ်ရောက်တည်းက လေးလေးနဲ့အတူမနက်စာစားနေကျဖြစ်၍ဆက်အိပ်ချင်စိတ်ကိုဖျောက်ပြီး စောင်ခြုံထဲမှာကွေးမနေတော့ပဲ မျက်နှာသစ် ကိုယ်လက်သန့်စင်ကာအောက်ထပ်သို့ဆင်းလာခဲ့လိုက်သည် ။

" ဟင် လေးလေးကဆန်ပြုတ်တွေသောက်နေတယ် … နေမကောင်းဘူးလား ? ဘာဖြစ်လို့လဲ "

မနေ့ကလေးတင် တူဝရီးနှစ်ယောက်ခြံထဲမှာစကားလက်ဆုံပြောနေကြတုန်းကတောင်အကောင်းကြီးပါ ။

တစ်ချိန်တုန်းကဖေဖေပါဝင်ပတ်သတ်ခဲ့တဲ့ဟိုးအတိတ်အကြောင်းရာတချို့ပြန်ပြောပြချိန် လွမ်းမောရီဝေနေသောမျက်ဝန်းတွေကလွဲရင် ဘယ်အရာကများလေးလေးကိုနာမကျန်းဖြစ်အောင်လုပ်လိုက်ပါလိမ့် ။

အမှန်တကယ်စိတ်ပူသွားတဲ့လေသံနဲ့မေးလိုက်တာမို့ ပြုမူနေကျပုံစံအတိုင်း တည်ငြိမ်အေးဆေးလွန်းသောလေးလေးကပြုံးမြမြမျက်နှာဖြင့်ခေါင်းအသာရမ်းသည် ။ ဘေးမှာတော့ ကျွန်တော့်အသံကြားတာနဲ့တစ်ချက်မျှမော့ကြည့်ပြီးနောက် ခေါင်းငုံ့ကာမုန့်ဆက်စားနေသောသူ ။

" နေမကောင်းလို့မဟုတ်ဘူး သားတည် … အရမ်းကြီးစိတ်မပူပါနဲ့ … ရင်နည်းနည်းပြည့်ပြီးအစာမကြေသလိုဖြစ်နေလို့ သမီးဖြူကလေးလေးအတွက်ကြက်သားဆန်ပြုတ်လုပ်ပေးထားတာပါ … လေးလေးဘာမှမဖြစ်ဘူး "

" မနေ့ညကညစာကိုတောင် လေးလေးအစောကြီးစားလိုက်တာပဲ … ထွေထွေထူးထူးတွေစားမိတာလည်းမဟုတ်ဘူး … ရရဲ့လားဟင် ဆေးကောသောက်ထားရဲ့လား "

ဝေး ( ongoing ) ေဝးWhere stories live. Discover now