"ကြေးနန်းထဲမှာပါတာက ယခု ဓမ္မလင်္ကာတိုင်းမှာ ခံစားနေရတဲ့ ရောဂါကို ပျောက်ကင်းအောင် ကုပေးမယ်...သူပိုင်တဲ့ ပစ္စည်းကို ပြန်ယူရာမှာ ဓမ္မလင်္ကာတိုင်းအနေနဲ့ ပါ၀င်ကူညီပေးဖို့ရယ် သုံးနိုင်ငံကစစ်ပြုလာသည်ရှိသော် သူတို့အနေနဲ့ ပါ၀င်ကူညီမည်ဖြစ်ကြောင်း ရေးထားတာပဲ... ဘယ်သူများဖြစ်နိုင်မလဲ...."
"သူပိုင်တဲ့ ပစ္စည်း....အင်းမဟုတ်မှလွဲရော ဒီပကလျာဒေ၀ီဘုရင်မများလား..."
ညီလာခံအစည်းအေ၀းထဲစကားသံများ အုပ်အုပ်ကြွပ်ကြွပ်ဖြစ်သွား၏။
"ဒီပကလျာဒေ၀ီဟာ နတ်ရွာစံတာဖြင့်ကြာလေရော့ပြီ..ဒါဘယ်လိုတောင် ရူးကြောင်ကြောင်နိုင်လည်းသိပါစ အမတ်မင်း..."
"သူမ နတ်ရွာစံတယ်ဆိုစေအုန်းတော့ သူမရုပ်အလောင်းဟာ စစ်ပွဲထဲမှာ ရှာမတွေ့ဘူးဆိုတာလည်း မမေ့ကြပါနဲ့... ပြီးတော့လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀လောက်က ဇဗ္ဗူဒီပတိုင်းမှာ ထိုကဲ့သို့သော ရောဂါဖြစ်ခဲ့ဖူးတယ်...အဲ့တုန်းက ဆေး နည်းပေါ် ခဲ့တယ်...ကျောက်ရောဂါတွေထဲမှာ အပြင်ထန်ဆုံးရောဂါတစ်မျိုးပဲ..ဆေးနည်းဟာလည်း အချိန်ကြာ လာတာနဲ့အမျှ ကွယ်ပျောက်သွားခဲ့တယ်...."
သေနာပတိတစ်ယောက်ကလည်း ထိုအမတ်မင်းရဲ့သုံးသပ်ချက်က အချက်ကျကျထောက်ခံ၏။
"ယခုချိန်မှာ မည်သူမည်၀ါဖြစ်သည်ဆိုတာကို အသာထားကြပါအုန်း...ဓမ္မလင်္ကာတိုင်းဟာ ရောဂါဘေးအပြင် များမကြာမီမှာ စစ်ဘေးကိုပါ ကြုံရတော့မယ်...မိမိတို့အကျိုးကိုမလိုတဲ့ ဘယ်ရန်သူကမှ ကူညီမှာမဟုတ်ဘူး...မိတ်ဆွေတွေကရန်သူ ဖြစ်လာသလို ရန်သူကလည်း မိတ်ဆွေဖြစ်လာနိုင်တာပဲ မဟုတ်လား.."
ကန့်ကွက်သူ ထောက်ခံသူတွေ အပြိုင်အဆိုင် ငြင်းခုံကြပြီးချိန် ဘုရင်မင်းမြတ်မှ အမိန့်တစ်ခုချလိုက်၏။
"ဆေးအကူတပ်က အယောက်နှစ်ဆယ်ပါမယ်လို့ဆိုတယ်...သူတို့အသက်အတွက် အာမခံချက်အနေနဲ့ သမီးတော် ရူပလင်္ကာကို သူတို့ဆေးအကူတပ်ထဲထည့်ထားပေးရမယ်တဲ့ ..ငါကိုယ်တော် သဘောတူလေတယ်..."
"တစ်ခုတော့ ရှိတယ်..စစ်စပြီဆိုမှ သူတို့ဆေးအကူတပ်ဟာ မြို့အတွင်း၀င်လာမယ်ဆိုတာပဲ..."
YOU ARE READING
ဒဏ္ဍာရီလာ ချစ်သောကညာ
General Fictionသမိုင်းတစ်ခုမဟုတ်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုတည်ခဲ့၏။ပြည့်ရှင်မတစ်ယောက်ရဲ့ သမိုင်း၀င်ချစ်ခြင်းတစ်ခု နှစ်ပေါင်းများစွာရှည်ကြာခဲ့၏။