အိမ်အိုလေးတစ်ခုအတွင်း ရုတ်ရုတ်သည်းသည်းဖြစ်သွားတော့သည်။အကြောင်းမှာမူကား"မိကညာ သတိပြန်ရလာပြီတဲ့ဟေ့...!!!
ဇမ္ဗူဒီပတိုင်းရဲ့ အရှိန်အဝါတွေမသက်ရောက်ဘဲ အာဏာတစ်ခုသာ သက်ရောက်သော ကျေးရွာဇနပုဒ်လေးတစ်ခုအတွင်း ဆူညံသွားတော့သည်။
"မိကညာ မိကညာ သတိရလာပြီဆို...."
အိမ်ထဲသို့ မျက်ရည်လည်ရွှဲပြေး၀င်လာသူကို ကညာ အူတူတူကြည့်လိုက်သည်။
"ဟင် လွန်းဉာဏ်မောင်...."
"လွန်းဉာဏ်မောင်က ဘယ်သူတုန်း..."
"မဟုတ်ဘူး မဟုတ်ဘူး အို့ပန်း ရှင်အို့ပန်း...."
မူမမှန်သော ကညာဆိုသူကို မိသားစုနှင့်အတူ ရွာမှလူများအားလုံး ဝိုင်းစပ်စုနေကြသည်။
ကညာမှတ်မိတာက ရှင်ကညာပျိုဘ၀နဲ့သေပြီး လွန်းနန္ဒမောင်အဖြစ်ပြန်၀င်စားတယ်။ခရမ်းရောင်ရဲ့ဓားချက်ကြောင့် သေသွားတယ်။ဒီလောက်ပဲ။ခု မိကညာက ဘယ်ဘ၀တုန်း။လွန်းနန္ဒမောင်သေပြီး ပြန်၀င်စားပြန်တာလား။ထူးဆန်သည်က ဓားနှင့်အထိုးခံရသော ရင်ဘက်မှမနာကျင်ဘဲ လက်မောင်းမှာ ပြင်းထန်စွာနာကျင်နေလေသည်။
"ဒါက ဘယ်နေရာတုန်း...."
"ညည်းအိမ်လေ မိကညာရဲ့..ညည်းရဲ့အိမ်ပေါ့...မြားထိတာ လက်မောင်းပါအေ ..ဘယ်နှယ့် ကိုယ့်အိမ်ကိုယ်တောင်မသိတော့တာလဲ..."
၀မ်းနည်း၀မ်းသာမျက်နှာဖြင့် ပြောနေသော အသက်ခပ်ကြီးကြီးအမျိုးသမီးကို အာရုံထဲပုံဖော်ကြည့်သည်။မည်သည်မည်ဝါမှန်းမသိ။ဦးနှောက်များပင်ခြောက်လာသည်။
"အန်တီက ဘယ်သူလဲ...လွန်းကရော ဘယ်ရောက်နေတာလဲ...."
"ဟင်!!!!
စုပြုံနေသော လူအုပ်ကြီးထဲမှ သံပြိုင်ထွက်လာသော အသံ။
"အန်...အန် ဘာဖြစ်တယ်...."
"အန်တီလေ....အဒေါ်ကိုပြောတာ...ကျွန်မမေးတာသာဖြေပေးပါ...."
ထိုအသက်ခပ်ကြီးကြီးအမျိုးသမီးမှစိတ်ရှည်တော့ဟန်မပေါ်။မျက်နှာကြီးရဲလာသည်။
YOU ARE READING
ဒဏ္ဍာရီလာ ချစ်သောကညာ
General Fictionသမိုင်းတစ်ခုမဟုတ်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုတည်ခဲ့၏။ပြည့်ရှင်မတစ်ယောက်ရဲ့ သမိုင်း၀င်ချစ်ခြင်းတစ်ခု နှစ်ပေါင်းများစွာရှည်ကြာခဲ့၏။