"ဒါဘယ်နေရာလဲ...."
အရွှန်းကလွန်းဉာဏ်မောင်ကိုရည်ရွယ်ပြီးမေးတော့ သူက ပုခုံးနှစ်ဖက်ကိုတွန့်ပြလိုက်သည်။အဟင်း သူသိသူတတ်လုပ်နေတဲ့ မိန်းမ ခုတော့ဘာတတ်နိုင်သေးလဲ။လွန်း အောင်ပြုံးပြုံးလိုက်သည်။
"ဒီနေရာကို ဘယ်လိုတင်စားရမလဲ....စကားလုံးတွေနဲ့တော့တင်စားလို့ ရမယ်မထင်ဘူး...ဒါက သိပ်ချစ်ကြတဲ့ချစ်သူနှစ်ဦးသေကွဲကွဲခဲ့ရတဲ့နေရာလေ...တနည်းပြောရရင် နန်းရင်ပြင်ရဲ့ အလည်ဗဟိုပေါ့...."
"ဒါက နန်းတော်ပဲလား...."
"သဘင်အစည်းအဝေးတွေ ဆင်ယင်ကျင်းပတဲ့နေရာ....ခု လွန်းရပ်နေတဲ့နေရာကတော့ ဒီတိုင်းရဲ့ပြည့်ရှင်မနဲ့ သူ့ချစ်သူရဲ့သွေးတွေ စွန်းထင်ခဲ့တဲ့နေရာလေ...."
"ဟိုမိန်းမ...ခင်ဗျားထင်ရာတွေလျှောက်မပြောနဲ့...."
လွန်းဉာဏ်မောင် ရင့်သီးစွာ လှမ်းအော်တော့ လွန်းယဲ့ယဲ့လေးပြုံးမိသည်။ရင်ထဲကဝေဒနာကို အဖြေရှာဖို့ လွန်း ကျန်တာတွေကို ဥပေက္ခာပြုထားန်ိုင်ရမည်လေ။
"ဒါဆို လွန်းဉာဏ်မောင် သိသလောက် ကျွန်မကိုပြောပြပေးနိုင်မလား...."
မောင်သိတာကဆယ်နှစ်သမီးအရွယ်မှာသိခဲ့ရတဲ့အတိုင်းအတာထိပင်။ဒီမိန်းမပြောတာတွေကို မောင်မသိ။
"ဘာကိုချစ်သူနှစ်ဦး သေကွဲကွဲတာလဲ...ရှင်ကညာပျိုကြောင့် ဒီပကလျာဒေဝီကသေရတာ...သမိုင်းကို ဗရမ်းပတာတွေ လျှောက်မပြောနဲ့...."
လွန်းဉာဏ်မောင်စကားတွေက ဆက်လက်ရင့်သီးလာခဲ့သည်။
"ဒီလောက်ခါးခါးသီးသီးငြင်းနေရအောင် ဘာလဲ လွန်းဉာဏ်မောင်က ရှင်ကညာပျိုနဲ့ ဒီပကလျာဒေဝီ သိပ်ချစ်ခဲ့ကြတာကို ဖုံးကွယ်ချင်တာလား...မနာလိုဖြစ်နေတာလား...."
"ဒီမိန်းမကတော့ ဆွဲထိုးမိတော့မယ်...."
လွန်းဉာဏ်မောင် လက်သီးလက်မောင်းတန်းပြီးပြောနေတော့ အရွှန်းက တခြားနေရာသို့ ခေါ်ထုတ်သွားတော့သည်။
"လွန်း သက်သက် ဇာတ်လမ်းဆင်နေတာတော့မဟုတ်ဘူးမို့လား...."
သတိုးခေတ်က အားနာသလိုမျိုးမေးတော့ လွန်း ရယ်မိသည်။
YOU ARE READING
ဒဏ္ဍာရီလာ ချစ်သောကညာ
General Fictionသမိုင်းတစ်ခုမဟုတ်ခဲ့ပေမဲ့ ဇာတ်လမ်းတစ်ခုတည်ခဲ့၏။ပြည့်ရှင်မတစ်ယောက်ရဲ့ သမိုင်း၀င်ချစ်ခြင်းတစ်ခု နှစ်ပေါင်းများစွာရှည်ကြာခဲ့၏။