"လာကြိုမှာသေချာလား..အပြန်လာကြိုမှာသေချာမှ လိုက်ပို့.. မဟုတ်ရင်ငါ့ဟာငါ ကားယူသွားမှာ.."
"တကယ်ပါဆိုဗျာ .. ကျွန်တော်နဲ့တစ်ခါထဲ
သွားမယ်"ဆယ်ဟွန်းကို ဂျုံအင်က တစ်ချက်ကြည့်ပြီးမှ
ခေါင်းညိတ်လိုက်တော့သည်။အရင်တစ်ခါတွေတုန်းကလည်း လာကြိုမယ်
ဆိုပြီး သူ့သူငယ်ချင်းတွေနဲ့ ဆိုင်ရောက်ရောက်သွား
တတ်သည့်သူမို့ စိတ်တော့သိပ်မချပေမဲ့
အတင်းအကြပ်လည်း ပြောမနေချင်။လာမကြိုရင်တောင် အရင်လိုပဲကားငှါးပြီး
ပြန်လာလို့ ဖြစ်သည်ပဲ။ဂျုံအင် က ကိစ္စသေးသေးလေးကအစ
လိုက်တွယ်ကပ်နေတတ်သည့်
လူမျိုးမဟုတ်ပေ။"ကိုကို..ထမင်းယူဦးမလား"
"အင်း"
ဆယ်ဟွန်းက ဂျုံအင့်ရှေ့က ပန်းကန်လုံးလေးကိုပါယူပြီး ထမင်းအုပ်ထဲက ထမင်းကို
ထည့်ပေးလိုက်သည်။"ဒီနေ့က ဘယ်သူနဲ့သွားတွေ့မလို့လဲ"
"ငါ့စာအုပ်ကို ဇာတ်လမ်းပြန်ရိုက်ချင်တဲ့
ဒါရိုက်တာနဲ့"" ခင်ဗျားကတော်တယ်"
"အပိုတွေ မပြောပါနဲ့ ငါရေးတဲ့စာတွေကို
ဘယ်နှခေါက်များ မင်းဖတ်ပေးခဲ့ဖူးလို့လဲ"ဂျုံအင်က မကျေမနပ်လေးပြောသည့်အခါ
ဆယ်ဟွန်းက အဟင်းခနဲ တစ်ချက်ရယ်၍
ဂျုံအင့်ပါးနုနုလေးကို ဖွဖွဆွဲကိုက်ပစ်လိုက်သည်။"ကျွန်တော် စာဖတ်ပျင်းတာ ကိုကို သိတာပဲ။
ကိုကို့ကို ဖတ်ပြလို့ပြောတော့လည်း ကိုကိုမှ မဖတ်ပြတာ""အဲ့ဒီလောက်အားမနေဘူး.."
ဂျုံအင်က မှုန်တေတေ ရုပ်လေးနဲ့ပြောကာသာ
တိတ်ဆိတ်နေလိုက်တော့သည်။တကယ်တော့ ဆယ်ဟွန်းနဲ့သူနဲ့က ဘယ်နေရာမှာမှ
အကျင့်စရိုက် မတူတဲ့သူတွေပဲ။ကော်ဖီကိုမှ နှစ်နှစ်ခြိုက်တတ်တဲ့သူ့ကို၊
စာအုပ်အသစ်တွေရဲ့ အနံ့ကို
သဘောကျတတ်တဲ့သူ့ကို..
alcohol ကိုမှ အမြဲရွေးချယ်တတ်တဲ့ ၊
သူပိုင်တဲ့ ကား showroom က ကားတွေကိုသာ
စိတ်ဝင်စားတတ်တဲ့ ဆယ်ဟွန်းက ဘာလို့
လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့လဲ ဆိုတာ
တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။
