FINALE

3.9K 371 11
                                    

"ဆယ်ဟွန်း မင်းအိမ်မပြန်တာ
ဘယ်နှရက်ရှိနေပြီလဲ  အိမ်ပြန်တော့ သွား"

အစ်ကိုဖြစ်သူ ယောင်ဝူး ရဲ့ပြောစကားကို
ဆယ်ဟွန်း မကြားသလိုသာ လုပ်၍ နေမြဲအတိုင်း
အိပ်ရာပေါ်တွင်သာ ခွေခေါက်၍ ဖုန်းကိုသာ
အကြောင်းပြချက်မရှိ အထက်အောက်ဆွဲချကာ
ပွတ်နေမိသည်။

ထို့နောက် အိပ်ရာပေါ်ကနေ ဝုန်းခနဲ မတ်တပ်ထပ်ရလိုက်သည်။ သို့သော် ချက်ချင်းဆိုသလို
တောက်တစ်ချက်ခေါက်၍ ခုတင်ပေါ်သို့
ပြန်ထိုင်လိုက်ပြန်၏။

ယောင်ဝူးက ညီဖြစ်သူရဲ့ ဆယ်ဟွန်း ဖြစ်နေပုံကို
ကြည့်ပြီးမှ တစ်ချက်ရယ်လိုက်ကာ..

"မနေနိုင်ရင် ပြန်တော့ အပိုတွေလုပ်မနေနဲ့"

"ဘာလို့ မနေနိုင်ရမှာလဲ ဟိုလူတောင်နေနိုင်တာ"

"အခုပြောနေတဲ့ မင်းရဲ့ပုံစံက ကြက်ကြီး
လည်လိမ်ထားသလို ဖြစ်နေတာသိရဲ့လား"

အစ်ကို ဖြစ်သူက ရယ်စစနဲ့ပြောရင်း
အလုပ်သွားရန်အတွက် တိုက်ခန်းမှ
ထွက်သွားတော့သည်။

ဆယ်ဟွန်း မွေ့ယာပေါ်သို့ တစ်ဖန် ခွေလှဲချပစ်ကာ
ဖုန်း screen ကို ဖွင့်မိလိုက်ပြန်၏။

ဟိုနေ့က ကတောက်ကဆဖြစ်ပြီးကတည်းက
အိမ်ပြန်မသွားတာ ၅ ရက်ကို တစ်ခေါက်လေးမှ
တောင် မဆက်သွယ်လာဘူး.။

Kim Jongin ..
ခင်ဗျား တကယ် အသည်းနှလုံးကို မရှိဘူး။

မျက်လုံးတွေကို မှိတ်ချမိတော့ အတွေးထဲတွင်
စတွေ့သည့်နေ့က ကိုကို့ရဲ့ပုံစံကို
မြင်ယောင်မိသည်။

ဆယ်ဟွန်းရဲ့စိတ်အစုံ ငြိမ်းချမ်းသွားခဲ့ရပါ၏။

~~~~~~~~~

လွန်ခဲ့သည့် ၆ နှစ်။
အတိတ်။

"ဝမ် ၆၀၀၀၀ ကျပါတယ်ရှင့်"

ကောင်တာတွင်ငွေရှင်းမည်လုပ်ခါမှ
ပိုက်ဆံအိိတ်ရော ဖုန်းရော ပါ မပါလာတာကို
သတိရမိသွားသဖြင့် ဆယ်ဟွန်း ကျစ်ခနဲ စုတ်သပ်
လိုက်မိသည်။

သူငယ်ချင်းတွေနဲ့ အတူ သူ့တိုက်ခန်းမှာ
အတူစုအိပ် ၊ သောက်စားပျော်ပါးကြဖို့အတွက်
ဒီည စီစဉ်ထားကြခြင်းဖြစ်သည်။ ဆယ်ဟွန်းက
ဂိမ်းရှုံးသူဖြစ်၍ သောက်စရာနဲ့စားစရာတွေကို
လာဝယ်ရခြင်းဖြစ်သည်။

Our Love Where stories live. Discover now