Mandevilla အိမ်တော်မှ စစ်သူကြီး ၂ ယောက်၏ လက်ထပ်မင်္ဂလာပွဲ
ကူလန်နဲ့ လက်ထပ်ပွဲကို တားဆီးနိုင်ခဲ့ပြီးနောက် ဟော့ဝပ်ညီအကိုက ဟန်မုံကို လျင်မြန်စွာပင် လက်ထပ်ခဲ့သည်။ လက်ထပ်ပွဲကိုလည်း မြန်မြန်ဆန်ဆန်ပင် လုပ်ခဲ့ပြီးတော့ တချို့သူတွေက သူတို့သုံးယောက်၏ လက်ထပ်ပွဲကို လက်မခံကြပေမဲ့လည်း သူတို့က ဘုရင့်တပ်မတော်က စစ်သည်တော်တွေကို ငြင်းဆန်ဖို့မရဲကြပေ?။ ထို့ကြောင့်ပင် လက်ထပ်ပွဲက အလျင်စလိုပြီးသွားလေသည်။
မိဘတွေကို ကန်တော့တဲ့အခါမှာ သခင်မကြီးကတော့ သူတို့သားသုံးယောက်လိုချစ်ရတဲ့သူတွေကို အခုလိုမြင်ရတာက သူတို့ကို သေချာပေါက်နာကျင်စေပေမဲ့လည်း နောက်ဆုံးမှာတော့ သူတို့ပျော်ရွှင်စေဖို့အတွက် လက်ခံပေးခဲ့သည်။ ထို့ပြင် ဟန်မုံမှာလည်း သူ့သားနှစ်ယောက်ရဲ့ ကလေးပင် လွယ်ထားရပြီဆိုတော့ကား ပြောစရာမရှိတော့ပေ။
နီရဲရဲအဆင်တန်ဆာတွေဖြင့် အလှဆင်ထားတဲ့ ကုတင်ပေါ်ဝယ် ဟန်မုံက ငြိမ်ငြိမ်လေးထိုင်ကာ သူ့ခင်ပွန်းသည်တွေ ပြန်အလာကို စောင့်နေရသည်၊ ဟော့ဝပ်နဲ့ချာချီကတော့ အခုသည့်တိုင် မိတ်ဆွေတွေ တည်ခင်းတဲ့ သေရည်ကို သောက်ကာ သူတို့က အဝါရောင်ဟာသတွေကို ပြောကာရယ်မောနေကြသည်။ သူတို့က အိမ်ထောင်သည်ဘဝကိုရောက်ကြတော့မည်ဖြစ်တာကြောင့် အလွန်အမင်းကို စိတ်လှုပ်ရှားနေလေသည်။
" အစ်ကိုကြီး မုံမုံလေးစောင့်နေလောက်ပြီ သွားကြစို့ " ချာချီက သူ့အစ်ကိုကိုပြောလိုက်သည်။
" အင်း ဒါဆိုလည်း သွားကြစို့ "
သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်က ကြည့်လိုက်ပြီးတော့ သူတို့က ပြုံးလိုက်ကြတယ်။ သူတို့ ဧည့်ဆောင်ထဲကနေ ထွက်လာတဲ့အချိန်မှာ သူ့ညီလေး အာခီရာက ဟောလ်ရင်ခွင်ထဲ အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။ ဟောလ်က သူတို့ထက် ရာထူးကြီးပေမဲ့လည်း ဟောလ်က သူတို့ကို ဂါဝရပြုလိုက်ပြီးတော့ အာခီရာကို ခေါ်ကာပြန်လာခဲ့သည်။
သူတိုနှစ်ယောက် အိပ်ဆောင်ထဲကို ဝင်လိုက်တော့ သူတို့ဇနီးလေးက ကုတင်ပေါ်မှာ အသင့်ထိုင်လျက် ရှိနေသည်ကို တွေ့လိုက်သည်။ သူတို့က အလျင်အမြန်သွားပြီးတော့ သူ့ဇနီးဘေးနားကို ဝင်ထိုင်လိုက်သည်။
YOU ARE READING
Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး
Romance{ Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး } Summary တိုင်းပြည်၏ အားထားရသော စစ်သူကြီးသည် သူ၏ သားဖြစ်သူကို နောင်တစ်ချိန်တွင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သူကြီးတစ်ယောက်ဖြစ်လာစေရန်အတွက် စစ်ရေးသင်ကြားရန် မြောက်ပိုင်းသို့ ပို့ဆောင်ခဲ့သည်။စစ်သူကြီး...