"ခီခီ ဟောလ်လည်း မယ်မယ့်ကို ပြောလှပြီ၊ ဘယ်တော့မှ လက်ထပ်ကြမှာတုန်း ၊ စစ်သူကြီးက အခုထိတောင် လက်မထပ်သေးလို့ မြို့တော်က မိန်းမပျိုတွေ စစ်ရေးလေ့ကျင့်ရာကွင်းမှာ ပျံကျဈေးလို စည်ကားနေတာပဲ အိမ်ရှေ့စံမင်းသမီးတောင် လာပြီး စစ်ရေးလေ့ကျင့်တယ်တဲ့၊ တစ်နေ့နေ့ စစ်သူကြီးရဲ့ သတင်းတွေက တိုင်းပြည်အတွင်းအပြင် ဒီလောက် ကျောစောနေတာ ကြာလာရင် ခက်ချေမယ်။ ခိီခီက ဘာကို စောင့်နေတာတုန်း၊ မယ်မယ့်မြေးတွေတောင် လမ်းလျှောက်တတ်နေပြီ၊ မယ်မယ်လည်း မယ်မယ့်သားကို လက်မထပ်ခင် ကလေးအမေဖြစ်နေတာကို သိပ်သဘောတွေ့တာမဟုတ်ဘူး။ တော်သေးလို့ ဟောလ်မို့လို့သာ စိတ်ချနိုင်သေးတာ။ သူ့ခမျာလည်း လက်ထပ်ချင်လို့ရူးနေပြီကို ဘာလို့ငြင်းနေတာလဲကွယ် "သခင်မကြီးက အာခီရာကို မြင်သောအခါတွင် သူက စိတ်အလိုမကျနိုင်ဖြစ်ကာ ပြောလေသည်။
ထိုအခါတွင် အာခီရာက သူ့မယ်မယ့်ရင်ခွင်ထဲကို တိုးဝှေ့ပြီးတော့ နှုတ်ခမ်းဆူထားလေသည်။
" သားက မယ်မယ်တို့ဆီကမသွားချင်သေးတာကို မယ်မယ်က အတင်းနှင်နေတယ် ၊ မယ်မယ်က ခီခီကို မချစ်တော့ဘူးလား "
ကလေးလိုလာချွဲနေတဲ့ အာခီရာကြောင့် သူက စိတ်လျှော့ရပြန်သည်။
" မယ်မယ်ဆိုလိုတာ အဲလိုမှ မဟုတ်ဘဲ၊ ခီခီလေးက ဘယ်လောက်ပဲ မယ်မယ်တို့နဲ့ နေချင်သေးတယ်ဆိုစေကာဦးတော့ ဟောလ်ကိုလည်း တွေးပေးဦးမှပေါ့။ ပြီးတော့ ကလေးတွေလည်း အရွယ်ရောက်လာရင် ဘယ်လိုလုပ်မတုန်း ၊ ခီခီလေး ကိုယ့်ဖက်ပဲ ကြည့်နေမှ မရဘဲ၊ဟန်မုံကိုဆို ကြည့် ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်သလဲ ၊ မယ်မယ်က သားကို တည်ငြိမ်တဲ့ ဘဝကို ရခိုင်းစေချင်တာပါ၊ ပြီးတော့ သား သတိရတိုင်း မယ်မယ်တို့ဆီကို လာလို့ရတာပဲလေ "
" ခီခီ ဒီနေ့ အဲအကြောင်းကို မပြောချင်ဘူး "
" အဲတာဆိုလည်း ပြီးတာပဲ၊ ဒါပေမဲ့ မယ်မယ် သိပ်မစောင့်ချင်ဘူး၊ ပြီးမှ မယ်မယ်တို့ အတင်းအကြပ်စီစဉ်ရရင် မကောင်းဘူးနော် ၊ မြန်မြန်တွေးထား ၊ အခုတော့ ကလေးတွေကို မယ်မယ် ဘုရားကျောင်းကို ခေါ်သွားဦးမယ် "
YOU ARE READING
Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး
Romance{ Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး } Summary တိုင်းပြည်၏ အားထားရသော စစ်သူကြီးသည် သူ၏ သားဖြစ်သူကို နောင်တစ်ချိန်တွင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သူကြီးတစ်ယောက်ဖြစ်လာစေရန်အတွက် စစ်ရေးသင်ကြားရန် မြောက်ပိုင်းသို့ ပို့ဆောင်ခဲ့သည်။စစ်သူကြီး...