မြူနှင်းသာစံအိမ်နောက်တွင် တောင်ပေါ်သို့ တက်ဖို့ လူသွားလမ်းလေးရှိသည်။ ညဖက်ဆိုလျှင် လမ်းတစ်လျှောက်တွင် မီးပုံးကလေးများ ချိတ်ဆွဲထားကာ တောင်ပေါ်သို့ သွားဖို့ လမ်းကလေးကို ထွန်းညှိထားသည် ။ ယခင်ကတော့ ထိုလမ်းကလေးက မှောင်မိုက်နေတတ်သည်။ မြူနှင်းသာစံအိမ်ကလည်း အေးစက်မှောင်မိုက်နေတတ်သည်။ သို့သော်လည်း မြူနှင်းသာစံအိမ်သို့ သခင်ငယ်လေး အာခီရာရောက်ပြီး နောက်ပိုင်းမှာတော့ အေးခဲနေသော မြူနှင်းသာစံအိမ်က ပျော်ရွှင်စွာ မြူးထူးနေသော ကောင်ငယ်လေး၏အသံတို့ဖြင့် ပြန်လည်စိုပြည်လာသည်။
သခင်လေး ဟောလ်က ညပိုင်းတောင်ပေါ်သို့ ဓားရေးလေ့ကျင့်ရန် သို့မဟုတ် စာပေလေ့လာဖို့ ရှိလျှင် ထိုလမ်းလေးအတိုင်းလာတတ်သည်။ နောက်ပိုင်းတော့ ဟောလ်က စာသင်ဆောင်ကနေ ညပိုင်းလေ့ကျင့်ပြီး ပြန်လာတိုင်း လူဆိုးပေါက်စလေးက ဟောလ်နောက်ကနေ တကောက်ကောက်လိုက်တာ မုန့်တောင်းလေ့ရှိသည်။ မြူနှင်းသာစံအိမ်တော်က ညတိုင်း အရသာရှိတဲ့ သရေစာများကို စားသောက်ပြီး မနက်လင်းမှာ ဟောလ်ကို ကုန်းပိုးကာ ညအိပ်အဆောင်သို့ ပြန်ပို့ခိုင်းသည်။
ထိုစဉ်က သခင်ငယ်လေး နှစ်ယောက်စလုံးက ဆယ့်ခြောက်နှစ်သာရှိသေးသည်။ အရာရာတိုင်းက သစ်လွင်တောက်ပကာ လှပနေခဲ့သည်။ အချိန်တိုင်းကလည်း ပျော်ရွှယ်ဖွယ်အတိဖြစ်လေသည်။
နှင်းစက်လေးလို ဖြူဖွေးလှပတဲ့ နှင်းလုံးလေး အာခီရာက မြောက်ပိုင်းရဲ့ အလှပဂေးလေးတစ်ယောက်အဖြစ် ကြီးပြင်းလာသည်။ ဆောင်းဦး၏ နှင်းစက်ကလေးလို့ ရွှန်းစိုတောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ နှင်းဆီနီနီလေးလို လှပနေခဲ့သည်။
ဆယ်နှစ်ကြာပြီးတဲ့နောက်မှာလည်း ဟောလ်က အရှင်မင်းကြီးတို့ လိုချင်သော ရဲစွမ်းသတ္တိများနှင့် ပြည့်ဝသော စစ်သည်တစ်လျှောက်ဖြစ်နေခဲ့ပါပြီ။
စစ်ရေးလေ့ကျင့်ပြီး ပြန်လာတဲ့ ဟောလ်က အပေါ်ထပ်ကို ချွတ်ကာ သူ၏ တောင့်တင်းသော ကြွက်သားများကို ထုတ်ဖော်ပြထားသည်။ ချွေးများက တောင်စောင်းတစ်လျှောက် တိုက်ခတ်လာသော လေကြောင့် ခြောက်သွေ့နေခဲ့ပါပြီ။
YOU ARE READING
Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး
Lãng mạn{ Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီး } Summary တိုင်းပြည်၏ အားထားရသော စစ်သူကြီးသည် သူ၏ သားဖြစ်သူကို နောင်တစ်ချိန်တွင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသော စစ်သူကြီးတစ်ယောက်ဖြစ်လာစေရန်အတွက် စစ်ရေးသင်ကြားရန် မြောက်ပိုင်းသို့ ပို့ဆောင်ခဲ့သည်။စစ်သူကြီး...