ฅ^•ﻌ•^ฅ

4.6K 278 34
                                    

Unicode

မေးခွန်း ။ ငယ်သူငယ်ချင်းက တစ်နေ့တခြား ချစ်ဖို့ကောင်းလာတယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ။

ငါ့ရဲ့ငယ်သူငယ်ချင်းကောင်က တစ်နေ့တခြား ချစ်ဖို့ကောင်းလာ တယ်လို့ ခံစားရတယ်။

"ဝေလ!"

ထုံးထုံးထုံးထုံးနဲ့ ကျောပိုးအိတ်တစ်လုံးလွယ် ပြေးလာတဲ့ ဒီကောင်က ငါ့ထက် ခေါင်းတစ်လုံးလောက် အရပ်နိမ့်ပြီး ငါနဲ့ နှပ်ချေးတွဲလျောင်း အရွယ်ကတည်းက ပေါင်းလာတဲ့ ငယ်သူငယ်ချင်းပေါ့။

"ဖြည်းဖြည်း..."

ရှေ့မကြည့်နောက်မကြည့် ပြေးလာတဲ့ ဒီကောင်က ငါ့ရင်ခွင်ထဲ ပလွတ်ဆို ဝင်လာပါရော။ သူ့အတွက်တော့ ဒီလိုပြေးခုန်ဝင်လာတာက လုပ်ရိုးလုပ်စဉ်ပေမဲ့ ငါ့အတွက် ခုနောက်ပိုင်း သိပ်အဆင်မပြေလှတော့ ဘူး။ ဘာလို့ဆို ဒီလိုပြေးဝင်လာတာက တအားချစ်ဖို့ကောင်းတယ်လို့ ငါခံစားရတယ်...။ နောက်ပြီး နို့နံ့မစင်တဲ့ကောင်လို့ ပြောရင်လဲ ဒီကောင် နာလို့မရဘူး။ ဘယ်​လောက်တောင် နို့တွေသောက်ထားလို့ ဒီကောင့် ကိုယ်က အမြဲနို့နံ့သင်းနေရတာလဲ။ တကယ်ပဲ တစ်ကိုယ်လုံး နို့နံ့ချည်းပဲ။

"ငါ့ကိုဒီနေ့ အန်တီမေက အရပ်ရှည်လာတယ်လို့ ပြောတယ်"

ရင်ခွင်ထဲကနေ ခေါင်းလေးမော့ ဘလင်းဘလင်းထနေတဲ့ ရုပ်နဲ့ ပြောတဲ့ ဒီကောင့်ကို ငါမျက်ခုံးပဲ ပင့်ကြည့်လိုက်တော့တယ်။ ဒီနို့နံ့ မစင်တဲ့ ငယ်သူငယ်ချင်းကောင်ရဲ့ အရပ်နဲ့ပတ်သက်တဲ့ အစွဲအလမ်းက မသေးလှဘူး။ နေ့တိုင်း သူ့ကိုယ်သူ အရပ်ရှည်လာတယ်ချည်း လုပ်နေ တာ။ အရပ်က ဆံပင်ရှည်သလို တစ်နေ့နှမ်းတစ်စေ့စာလောက် ရှည်နေ တာမှ မဟုတ်တာ။

"ရှည်လာတာလား..."

ငါ့ရင်ထဲက မထွက်ဘဲစကားပြန်တာ စောင့်နေတဲ့ ဒီဟမ်းစတား လိုကောင်ကို ငါဆွဲမြှောက်ချီမ မေးတော့ သူ့မျက်နှာက မကျေမနပ်နဲ့။

"မင်း..."

ဒီကောင်မပြောနိုင်ခင် ငါဦးအောင် မေးလိုက်တယ်။

"နို့သောက်တာ မရပ်သေးဘူးလား မင်း... တကယ်လို့ တခြား ကောင်တွေနဲ့ ရန်ဖြစ်ပြီး နို့နံ့မစင်တဲ့ကောင်လို့ အပြောခံရရင် ငိုမလာ နဲ့နော်"

What to do if my childhood friend is this cuteWhere stories live. Discover now