ฅ^•ﻌ•^ฅ

896 142 16
                                    

Unicode

မေးခွန်း။ ကြိုက်နေတဲ့ငယ်သူငယ်ချင်းက ငါတအားချောပြီး ပေါ်ပြူလာ ဖြစ်လို့ မနာလို နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။

ငါတို့တွေ ကျောင်းဖွင့်ကြပြီ။ ကျောင်းကိုငါတို့တွေ အတူတူသွား ကြတယ်။ တစ်ကျောင်းတည်းတက်ကြပေမဲ့ ငါတို့က မေဂျာမတူကြဘူး။ ယုဒက IT ဖြစ်ပြီးတော့ ငါက BA ကို ယူထားတာ။ ငါတို့တွေ မေဂျာရွေး တုန်းက ဒီကောင်အံ့ဩလို့ကိုမဆုံးဘူး။

"မင်းကဘာလို့ BA ယူတာလဲ"

"ဘာလို့လဲ"

သူ့စိတ်ထဲမှာ ငါကဒီမေဂျာကို ယူလိမ့်မယ်လို့ တစ်ခါလေးတောင် တွေးထားဖူးပုံမပေါ်ဘူး။

"မင်းက အဲ့အပိုင်းကို စိတ်ဝင်စားတဲ့ပုံလဲ မပေါက်ပါဘူး"

"ဒါပေမဲ့ ဒီမေဂျာကပဲ ငါ့ရှေ့ရေးကို အထောက်အကူပြုမှာလေ"

သူများတွေတော့ မေဂျာကိုဘယ်လိုရွေးလဲ မသိဘူး။ ငါကတော့ ငါ့ရဲ့ရှေ့ရေးကို အထောက်အကူပြုမဲ့ ပေါ်မူတည်ပြီးပဲ ရွေးချယ်ဖြစ်တယ်။ အမေမရှိဘဲ အဖေတစ်ယောက်တည်း ပျိုးထောင်ခဲ့တဲ့အတွက် ငါ့အဖေ လုပ်ငန်းကို ငါကပဲ ဦးစီးရမှာ။ အဖေက အများကြီးချမ်းသာတာ မဟုတ် ပေမဲ့ နည်းနည်းလေးရှိတာပဲလဲ မဟုတ်ဘူး။ ငါ့မိထွေးနေရာကို ယူချင်တဲ့ မိန်းမတွေ အများကြီးရှိသလို ငါသာသောက်သုံးမကျရင် ငါ့နေရာကိုသူတို့ သားတွေ ထိုးသွင်းချင်တဲ့ ဦးလေးတွေကလဲ တပုံတပင်ပဲ။ ဒါကြောင့်ပဲ မိသားစုဆန်တဲ့လုပ်ငန်းတွေကို ငါမုန်းတာ။ နောက်ပိုင်းမှာ ငါ့အဖေ သွေး ချွေးနဲ့တည်ထားတဲ့ ဒီလုပ်ငန်းကို ငါဦးစီးရမှာ။ ဒီတော့ ငါ့အတွက်အသုံး ဝင်မဲ့ဘွဲ့ရနိုင်တဲ့ မေဂျာကို တက်တာအကောင်းဆုံးပဲ။ ဝါသနာကြီးကြီး မားမားရယ်လို့လဲ ငါ့မှာမှ မရှိတာ။

"အင်း... မင်းအခုထဲက ပင်ပန်းနေရပြီနော်"

ငါတို့မိသားစုအကြောင်းကို သူ့မိသားစုအကြောင်းလို သိနေတာမို့ ယုဒက ကရုဏာမျက်လုံးတွေနဲ့ကြည့်ပြောတယ်။

"ဒါကသူ့ကိုငါပြန်လုပ်ပေးသင့်တဲ့ အရာပဲလေ"

ငါတို့က မိဘတွေကို ရွေးချယ်ခွင့်မရှိသလို သူတို့ကလဲ ငါတို့ကို ရွေးချယ်ခွင့်မရှိခဲ့ပါဘူး။ မိဘတွေသာ ငါတို့ကို ရွေးချယ်ခွင့်ရှိမယ်ဆိုရင် သားသမီးတွေအကုန်လုံးက မတရားတွေ တော်ပြီးထက်မြက်နေကြလိမ့် မယ်။ နောက်ပြီးတော့ သူတို့မွေးထားလို့ ငါတို့ကို သူတို့ကျွေးမွေးပြုစုရ တယ်ဆိုပေမဲ့ သူတို့အသက်ကြီးလာရင် တစ်လှည့်ပြန်ပြီး ပြုစုရမှာပေါ့။ ဒါကြောင့် ငါ့အဖေရဲ့ လုပ်ငန်းကို ဦးစီးရမဲ့တာဝန်က ငါ့မှာရှိတယ်လို့ ငယ် ငယ်လေးထဲက ငါခံယူထားတယ်။

What to do if my childhood friend is this cuteWhere stories live. Discover now