ฅ^•ﻌ•^ฅ

1.1K 118 14
                                    

Unicode

မေးခွန်း။ ငါ့ငယ်သူငယ်ချင်းက ငါ့ကိုကွေးအောင်လုပ်ပြီး တိုင်းတစ်ပါးကို လေးနှစ်ကျော်ထွက်ပြေးသွားတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။

ငါ့ရဲ့ငယ်သူငယ်ချင်းနဲ့ ငါ့ဆက်ဆံရေးက မဟုတ်သေးဘူးလို့ ငါ ပြောခဲ့တယ် မဟုတ်လား။ ဒါကတကယ်ပဲ မဟုတ်ခဲ့တာ။ ငါတို့တွေ‌လေ စီနီယာအစ်မကြောင့် အကြီးအကျယ် ရန်ဖြစ်ကြပြီးတော့ ဝေလက ငါ့ကို 'မင်းရဲ့ငယ်သူငယ်ချင်းက မင်းကိုကြိုက်နေပြီးတော့ အခုမင်းကို နမ်းချ လိုက်တယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ' ဆိုပြီးတော့ အတည်ကြီးနမ်းချ သွားတယ်။ ဒီကောင်က ရိုးရိုးနမ်းတာတောင် မဟုတ်ဘူး။ လျှာပါသရမ်း လိုက်သေး။ ငါတော်တော် ရှော့ရပြီး တစ်ညလုံး ကြောင်စီစီနဲ့ မအိပ်နိုင်ခဲ့ ဘူး။ နောက်နေ့ငါအိမ်ရှေ့ခန်းထဲ ထွက်လာတော့ ဒီကောင်က ပေါ်မလာ ဘူး။ ဒီကောင်ပေါ်လာနိုး ပေါ်လာနိုးနဲ့ စောင့်နေပေမဲ့ အချိန်သာ မိုးချုပ် သွားတယ်။ ဒီကောင်ပေါ်မလာခဲ့ဘူး။

အစကတော့ကွာ ငါ့ကိုဒီကောင်နမ်းသွားလို့ မျက်နှာချင်းဆိုင်ရမှာ ကြောက်ပြီး အိပ်ခန်းထဲက ထွက်မလာရဲတာလို့ပဲ ငါသွေးရိုးသားရိုးထင်ခဲ့ တာ။ နေ့လည်စာနဲ့ညနေစာကို အိမ်ရှေ့မှာစားပြီး ဒီကောင့်အိပ်ခန်းတံခါး အဖွင့်ကို ငါစောင့်နေတာကွာ။ ကောင်းကင်က လသာထွက်လာတယ်။ ဒီ ကောင့် အခန်းတံခါးက ပွင့်မလာဘူး။ အဲဒါနဲ့ ငါလဲမဟုတ်သေးပါဘူးဆို ပြီး တံခါးခေါက်တော့လဲ ထူးသံမကြားရတာနဲ့ အိမ်ကမာစတာကီးနဲ့ဖွင့် လိုက်တော့မှ သူ့အခန်းက ရှင်းလင်းနေတာ တွေ့လိုက်ရတယ်။

ဒီဖက်လုံးမသားက ငါ့ကိုနမ်းပြီး ထွက်ပြေးသွားတာ...။

ထွက်! ပြေး! သွား! တာ!!!

ဒီကောင်ထွက်ပြေးသွားတာလို့ သိသိချင်းမှာပဲ ညတွင်းချင်း နယ် လိုက်သွားဖို့ သွေးဆူနေတုန်း စဉ်းစားမိပေမဲ့ ကားလက်မှတ်မရလိုက်တာ ကြောင့် နောက်တစ်နေ့နိုးလာတော့ လက်မှတ်ဖြတ် လိုက်သွားမယ်လုပ် တဲ့ အချိန်မှာ လူက အတွေးဝင်လာတယ်။ လိုက်သွားပြီး ငါဘာလုပ်မှာလဲ ပေါ့။

ဝေလက ငါ့ကိုနမ်းသွားတယ်။ ငါ့ကိုကြိုက်တယ်လို့လဲ ပြောခဲ့တာ ကိုလဲ ငါသတိရလိုက်တယ်။ ဒီကောင့်ကိုလဲ ငါကြိုက်ပါတယ်။ ငါတို့နှစ် ယောက်ရဲ့ ကြိုက်ပုံကြိုက်နည်း မတူတာလေးပဲ ရှိတာ။ သူ့ကိုငါကြိုက်တဲ့ ပုံစံက လူတစ်ယောက်က လူတစ်ယောက်ကို ကြိုက်တာမျိုးဖြစ်ပြီး ငါ့ကို သူကြိုက်တဲ့ပုံစံက ခံစားချက်တွေထည့်ပြီး ကြိုက်တဲ့ ပုံစံမျိုးဖြစ်နေတယ်။ သူ့ကိုငါ ခံစားချက်တွေထည့် ကြိုက်ဖို့ကို တစ်ခါလေးမှ မစဉ်းစားဖူးဘူး။ ဝေလက လိမ္မာတယ်၊ ငါနဲ့အတူဆိုးပေးတယ်၊ သူ့အဖေကို သိတတ်တယ်။

What to do if my childhood friend is this cuteWhere stories live. Discover now