"ဂိုးးးးး"
အနားရှိ jungkook ၏လည်ပင်းကို ဖက်လိုက်ရင်း Taehyung အောင်ပွဲခံနေသည်မှာ ကမ္ဘာ့ဖလား နိုင်သွားသည့်သဖွယ်။နေလုံးက ဆည်းဆာပက်ဖြန်းနေသည့် အပြုံးများမှာ ရွှန်းရွှန်းလဲ့နေကြသည်။ရယ်ဆူရွာလေး၏ ညနေခင်း အချိန် ရွာမှ လူငယ်လေးများ၏ ဘောလုံးပွဲကို လာအားပေးကြသည်မှာလည်း မနည်း။ရွာဆိုသော်လည်း မြို့နှင့်သိပ်တော့ အလှမ်းမဝေး။ရယ်ဆူရွာမှ ဒယ်ဂူသို့ နှစ်နာရီ၀န်းကျင်သာ မောင်းရသည်။
ရယ်ဆူရွာသည် လယ်ကွင်းစိမ်းစိမ်းများ စမ်းချောင်းငယ်လေးများနှင့် အတူ သာယာသော ရွာငယ်လေးတစ်ခုဖြစ်သည်။
Jungkook က ရယ်ဆူရွာသားဖြစ်သော်လည်း Taehyungကတော့ ဒီမှာမွေးသည်မဟုတ်။taehyung၏မိဘများမှာ ဒယ်ဂူရှိ စီးပွားရေးလုပ်ငန်းများစွာကို ပိုင်ဆိုင်သည်။တစ်ခုကိုပိုင်ဆိုင်ထားလျှင် တစ်ခုကို လက်လွှတ်ရသည့် လောကထုံးစံအတိုင်း Taehyung ကို ထိန်းကျောင်းရန် အချိန်မရှိသဖြင့် ငယ်ငယ်ထဲက အဖိုးအဖွားတွေရှိသော ဒီရွာကို ပို့ထားခြင်းဖြစ်သည်။ရံဖန်ရံခါတော့ လာတွေ့သောကြောင့် Taehyung အတွက် မိဘတွေနဲ့စိမ်းသက်ခြင်းမျိုးတော့မရှိပါ။ထို့အပြင် သူလည်း ဒီရွာမှာနေရတာကို ပျော်နေသည်မဟုတ်လား။
Jungkook ကတော့Taehyungလို လူချမ်းသာမျိုးရိုးက ဆင်းသက်လာသူမဟုတ်။ရွာမှာ ပိုက်ဆံရှိမိသားစုဖြစ်သော်လည်း Taehyungတို့နဲ့ ယှဉ်ရင် အမှုန်အမွှားသာ။မျိုးရိုးကြီးဖြစ်သော်လည်း ကိန်းကြီးခမ်းကြီး မနိုင်သော Taehyung အတွက် Jungkook သည် အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။
နှစ်ယောက်လုံးမှာ ရွာရဲ့ အော်ကြော့လန် စာရင်း၀င်တွေ။ဒါကလည်း အကြောင်းရှိသည်။သူတို့ကို ကြည့်မရသော ရွာလူကြီးအိမ်ကပိုင်တဲ့ လယ်ကွက်တွေထဲသို့ ဆိတ်များလွှတ်ဖူးသည်။ညဘက် ကိုယ့်ဟာကိုယ်ထမင်းဟင်းခိုးချက်မည်ဟုဆိုကာ မီးမွှေးရင်း ကောက်ရိုးပုံ မီးစွဲ၍ ရွာကို မီးလှန့်ဖူးသည်။Taehyung အဖိုးအဖွားတွေက ရွာ၏ မျက်နှာဖုံးတွေဖြစ်၍ ရုံးရောက် ဂတ်ရောက်မဖြစ်ကြခြင်း။
လမ်းချင်းမတူ အိမ်ချင်းမနီးသော်လည်း Jungkookနဲ့ Taehyung ဘယ်ကနေ စခင်သွားမှန်းမမှတ်မိတော့ပါ။အတူရှိခဲ့တဲ့ အချိန်တွေကို ပြန်ကြည့်ရင် အမှတ်တရဟု ခေါ်ထိုက်သော အရာတွေအားလုံးတွင် နှစ်ယောက်အတူရှိခဲ့သည်။
YOU ARE READING
Bedtime Story (One Shot)
Fiksi PenggemarA Bedtime Story that will be forgotten in the morning 🌙