Part 13

8.8K 428 8
                                    

Part-13

ရုံးမှာအားနေတုန်းလေး ကိုထွန်းရွှေကိုခူးခိုင်းထားတဲ့ ကံ့ကော်ပန်းတွေကိုအရွက်တွေဖယ်ကာ အပွင့်လှလှလေးရအောင်ပြင်နေသည်။ ဖြူဖွေးနေတဲ့ကံ့ကော်ပန်းတွေကို ရေဘူးလေးထဲထည့်ကာလန်းနေအောင်လုပ်ထားလိုက်သည်။ နွယ်လေးကဘာပစ္စည်းမှမယူ ပန်းပေးမှသာသဘောကျစွာပန်တတ်တာမို့ တန်ဖိုးကြီးတာတွေပေးချင်တာတောင် မပေးရဲပေ။

" မြို့အုပ်မင်း ဆရာရောက်ပြီ "

" ဝင်ခိုင်းလိုက် "

အပါးတော်မြဲသတင်းပို့တာကြောင့် သတိုးထကာဆရာကိုကြိုဆိုလိုက်သည်။

" တွေ့ရတာဝမ်းသာပါတယ် မြို့အုပ်မင်း "

" ကျွန်တော်လဲဝမ်းသာပါတယ်ဗျာ၊ ထိုင်ပါ "

" ဘာကိစ္စများရှိလို့လဲ "

" ဒီလိုပါ၊ ကျွန်တော့်ညီလေးတစ်ယောက်က ကိုးတန်းကျောင်းသားပါ။ ချို့တဲ့တော့ကျုပ်ကနေစာကျက်ဝိုင်းထားပေးချင်လို့ပါ။ ဆရာကြီးလက်ခံပေးနိုင်မလား "

" မြို့အုပ်မင်းကိုယ်တိုင်တောင်းဆိုတာကို ကျုပ်ဘယ်ငြင်းနိုင်ပါ့မလဲ။ ဒါ့ဖြင့်ကျောင်းသားကိုယ်တိုင်လာအပ်ပေးပါ "

" ရပါတယ်၊ ကျွန်တော်ခေါ်ခဲ့ပါ့မယ် "

မြို့အုပ်မင်းဆိုတာဒီလိုနေရာမှာသိပ်အသုံးဝင်တာ။ ရာထူးနဲ့တင်ရှိန်ပြီး မရနိုင်ဘူးဆိုမရှိပေ၊ သတိုးကလဲဒါမျိုးအာဏာပြရမှာ သိပ်မုန်းသည်။ ဒါပေမဲ့အခုကျသဘောကျသည် ဘာကြောင့်ဆို နွယ်လေးကိစ္စကိုအဆင်ပြေအောင်လုပ်ပေးနိုင်သည်မဟုတ်လား။ နွယ်လေးစိတ်ညစ်စေတဲ့ အရာမှန်သမျှကိုမငြီးမငြူပဲ မဖြစ်ဖြစ်အောင်လုပ်ပေးချင်နေသောဆန္ဒမျိုးက အားကောင်းနေတာမို့ဘာလုပ်လုပ်အဆင်ပြေနေတော့သည်။ မေတ္တာကအားကောင်းနေတော့ ကြည့်လိုက်တိုင်းတပြုံးပြုံးနဲ့  ရွှင်လန်းနေတော့သည်။ မြို့အုပ်မင်းပျော်မှ ရုံးဝန်ထမ်းတွေလဲသာယာကာ စိတ်ဖြောင့်ဖြောင့်အလုပ်လုပ်နိုင်သည်။ မဟုတ်ရင်ဟောက်ဟမ်းခံရသည်လေ။

" ဘယ်သူမို့လို့ဒီလောက်စုံစမ်းနေတာတုန်း။ "

ကိုထွန်းရွှေကမေးခွန်းဟောင်းတွေ သယ်လာပြီးမောပန်းစွာထိုင်ချတော့သည်။

The Beginning Of Stanza {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း} {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း}حيث تعيش القصص. اكتشف الآن