Part-44 { The End }

22.9K 532 37
                                    

ဇာတ်သိမ်း

Part-44

* ကျွီ  ကျွီ *

မျက်လုံးဆီစူးခနဲဝင်လာတဲ့နေရောင်ကြောင့် ကံ့ကော်ခေါင်းကိုခါယမ်းကာ ထောင်လိုက်သည်။ဒူးဆီကနာကျင်မှုကတော်တော့်ကိုသက်သာလျော့ပါးနေတာမို့ နေလို့ကောင်းပြီးဖျားနာတာလဲ သက်သာနေပြီဖြစ်၏။ညကကြောက်စရာကောင်းတဲ့အသံတွေနဲ့ မမြင်ရတဲ့​သတ္တဝါတွေရဲ့ခြောက်လှန့်မှုကြောင့် ကံ့ကော်တို့လင်မယားတော်တော့်ကိုစိတ်ဒုက္ခရောက်ရတာလေ။ကိုကိုကသရဲကြောက်တဲ့စိတ်ကို ထိန်းချုပ်ကာကံ့ကော်ကိုအားပေးခဲ့ပေမဲ့ သူကိုယ်တိုင်လဲတော်တော်ကြောက်နေတာမှန်းကံ့ကော်သိပါတယ်။အခုထပြီးဟိုကြည့်ဒီကြည့်ကြည့်တော့ ညကလိုမဟုတ်သည့်အတိုင်း ငြိမ်သက်နေတာတွေ့လိုက်ရသည်။

" ကိုကို ထပါဦး၊ မိုးတောင်လင်းနေပြီ "

စွပ်ကျယ်နဲ့ခြေပစ်လက်ပစ် ကိုယ့်အိမ်ကိုယ့်ယာလိုအိပ်နေတဲ့လူကြောင့် ကံ့ကော်ရင်ဘက်ကိုလှုပ်ကာနှိုးလိုက်သည်။သို့သော်ကိုကိုထမလာပါ။

"ကို ထဦးလို့၊ ဦးသဂ္ဂ ထပါဆို "

ကံ့ကော်ခေါင်းကနေပွေ့ကာထူချိန်မှာတော့ ကိုသဂ္ဂကမီးခဲလိုပူနေတာမှန်းသိလိုက်ရသည်။

" ကိုကို! ကိုကို သတိရှိလား ကံ့ကော်ကိုမျက်လုံးလေးပဲဖွင့်ကြည့်ပေးပါ "

စိုးရိမ်တကြီးနဲ့ပါးကိုပုတ်ကာနှိုးတော့ ခေါင်းကိုအသာငြိမ့်ပြတာမို့ ကံ့ကော်ကုတင်ပေါ်ကနေဖြည်းဖြည်းဆင်းလိုက်သည်။အပြင်မှာတော့တောင်သူတွေသွားလာနေကြပြီမို့ အန္တရာယ်ကင်းနေတာကြောင့် စိတ်သက်သာသွားရသည်။ရေပတ်ဝတ်အတွက်အမြန်ပြင်ဆင်ကာ နာနေတဲ့ဒဏ်ရာကြောင့်ခပ်ဖြည်းဖြည်းသာအလုပ်လုပ်နိုင်ခဲ့သည်။

ဒီကိုကိုကတော့လေ သရဲကြောက်တာဖျားပါဖျားရတယ်လို့လေ။ကံ့ကော်ဆိုတတ်သလောက်ဘုရားစာတွေ ရွတ်ပြီးမအိပ်ပဲနေခဲ့တာ။နေရာသစ်ဆိုတော့လဲမမြင်ရတဲ့ဘုံသားတွေက သူတို့ရှိကြောင်းပြတာနေမှာပေါ့။ဘဟ်လိုပဲဖြစ်ဖြစ်အမှတ်ရစရာပါပဲ။ အရပ်၆ပေ၂လက်မ ထောင်ထောင်မောင်းမောင်း ယောကျာ်းကောင်းကြီးကသရဲကြောက်လို့ဖျားတာကိုလေ။ မိနိးကလေးမို့သွေးလန့်တယ်ဆိုတော်သေး ဒီကိုသဂ္ဂကတော့လူကကတုံးနဲ့လူမိုက်လိုလို ဘာလိုလိုနေပြီး သရဲကျကြောက်ကန်ကန်ကာ အော်ဆဲရတာနဲ့ ဒုက္ခ။

🎉 Dokončil/a jsi příběh The Beginning Of Stanza {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း} {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း} 🎉
The Beginning Of Stanza {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း} {ပတ်ပျိုးတစ်ပုဒ်၏ နိဒါန်း}Kde žijí příběhy. Začni objevovat