"မောင်”

ဆိုင်တံခါးကိုတွန်းဖွင့်ကာဧည့်သည်တယောက်နဲ့ဝင်လာတယ့်သူမရယ့်ချစ်ရသူခပ်စိမ်းစိမ်းမျက်ဝန်းတွေနဲ့မသိသလိုတချက်ကြည့်ရင်းသူ့ဧည်သည့်မိန်းခလေးကိုသာဂရုတစိုက်စကားပြောနေသည်။
၃နာရီနီးပါးလောက်ကြာတော့ဧည်သည်မိန်းခလေးပြန်သွားလေပီထိုတော့မှကောင်တာမှာထိုင်နေတယ့်သူမအနားလာရင်း

"မ ကျတော်ဒီနေ့အိမ်ပြန်မလာဘူး”

သူမခေါင်းညိတ်ပြတာကိုတောင်မစောင့်ထွက်သွားလေပီ။
မသိတာလားမောင်ရယ်သူမတို့ဆက်ဆံရေးကဘာလဲဆိုတော့Open relationship
မောင်ကသူမထက်အသက် ၄နှစ်ငယ်ပါသည်။
သူမကို Proposeလုပ်ခဲ့တာကလဲသိပ်ကိုအံ့သြစရာကောင်းပါတယ်။သူများတွေလိုချစ်ကြည်နူးပီးချစ်ခွင့်ပန်ခဲ့တာမဟုတ်ဘူးသူမနေထိုင်တယ့်တိုက်ခန်းထဲကိုဝရုန်းသုန်းကားနဲ့သတ်မယ်ဖြတ်မယ်ချိန်းခြောက်ပီးအဖြေတောင်းသွားတာသူမကသိပ်ချစ်ပါတယ်။
ဂျစ်တစ်တစ်လေးနဲ့ဆိုးတယ့်မောင့်ကိုဒါပေမယ့်မောင်ကသူမကိုတကယ်မချစ်ဘူး။

အစပိုင်းမှာတော့နှုတ်ခမ်းပေါက်တယ့်ဒဏ်ရာလေးကိုတောင်အလုပ်ကနေခွင့်ယူပီးအနားကပ်နေတယ့်အထိမောင်ချစ်ခဲ့ပါတယ်။
အမြဲတမ်းကျမအလုပ်သွားတယ့်လမ်းကခွေးကဟောင်လို့အဲ့ခွေးကိုအဆိပ်ချတာမျိုးလဲမောင်လုပ်တယ်။
ဆိုင်မှာရိသဲ့သဲ့လာလုပ်တယ့်သူတေကိုလဲမောင်ကရန်ပွဲတေနဲ့မောင်းထုတ်တယ့်အ​ထိအစစအရာရာမောင်ကနေရာယူခဲ့တယ်။
Alexဆိုပီးနမည်လေးခပ်မာမာအော်လိုက်တာနဲ့ခလေးတယောက်လိုအတင်းရင်ခွင်ထဲတိုးကာချွဲပီးအချစ်ပိုအောင်လဲနေတတ်တယ်။

အခုကဘယ်လိုတေဖြစ်လို့
ဘယ်ကနေစတင်ပီးဆက်ဆံရေးလွဲမှားသလဲ
သူမဆေးဗူးကိုမြင်သွားတယ့်နေ့ကများလားထိုနေ့ကသူမတို့ 2months anni dayဖြစ်သည်။
ထိုနေ့ကသူမနေ့လည်ပိုင်းလောက်ရင်ဘတ်ကထိုးထိုးအောင့်သဖြင့်coffeeဆိုင်လေးကိုပိတ်ပီးသူငယ်ချင်းဆရာဝန်မဖြစ်သူယင်းမာဆီသွားခဲ့သည်။

"ငါဘာဖြစ်တာလဲယင်းမာ”

ယင်းမာကသက်ပြင်းချရင်း

"နင်အခုလိုဖြစ်တာဘယ်နှကြိမ်ရှိပီလဲ”
"သတိမထားမိဘူးဟယ် ခနခနပဲ”
"အေးပေါ့လျော့မနေနဲ့နင့်မှာနှလုံးရောဂါကအခြေနေဆိုးဆိုးရှိနေတယ်ကောင်မရယ့်”

Why..?   Because,Where stories live. Discover now