အပြာရင့်ရောင်ရှပ်ကလေးကိုအနက်ရောင်pantကိုတွဲဖက်ဝတ်ထားတယ့်အမျိုးသားနဲ့အဖြူရောင်လည်ပိတ်အကျီလေးကိုစကတ်အနက်လေးနဲ့တွဲဝတ်ထားတယ့်အမျိုးသမီးတယောက်တောင်ကုန်းလေးပေါ်တက်လာကြသည်။
အမျိုးသားရယ့်လက်ထဲမှာအဖြူရောင်ကြွေအိုးလေးတအိုးနဲ့အပင်လေးတပင်အမျိုးသမီးရယ့်လက်ထဲမှာအပြာနုရောင်ကြွေအိုးနဲ့စာအုပ်လေးတအုပ်အမျိုးသမီးကပါတ်ဝန်းကျင်တချက်ဝေ့ဝဲကြည့်ပီးသည့်အခါ

"ဒီနေရာအဆင်ပြေလောက်တယ်ဒေါက်တာ"
ဒေါက်တာလို့အခေါ်ခံရသူကပတ်ဝန်းကျင်ကိုစူးစမ်းလိုက်သည်။တော်တော်မြင့်သည့်တောင်တန်းပေါ်ကမြေညီကုန်းပြင်မြင့်လေး​စြ်သည်မို့သဘာဝရှု့ခင်းတွေကိုသေချာမြင်ရသလိုတကယ်အေးချမ်းတယ့်နေရာလေးဖြစ်သည်။

"ဒီနေရာလေးအဆင်ပြေတယ်ယင်းမာ”
"ဟုတ်ကဲ့ဒေါက်တာ"
ထိုသူနှစ်ဦးဟာသေချာပေါက် ဒေါက်တာထန်းနှင်းဒေါက်တာယင်းမာ
"ယင်းမာအရိပ်မှာနားနေပါကျနော်တွင်းလေးတူးလိုက်မယ်”
"ကောင်းပါပီဒေါက်တာ"
သူမအပင်ရိပ်လေးမှာမတ်တပ်ရပ်လိုက်သည်။လက်ထဲကပစ္စည်းလေးကိုကျစ်ကျစ်ပါအောင်ကိုင်ထားရင်း၂နာရီခန့်အကြာအထိတူးပီးတယ့်အခါမှာခပ်နက်နက်တွင်းလေးကိုရသည်။
"ယင်းမာရပီဗျ”
"ဟုတ်ကဲ့ဒေါက်တာ "

ဒေါက်တာနဲ့သူမကျူးလစ်ပန်းစည်းလေးကိုတွင်းထဲကိုအရင်ထည့်သည်..ပီးတော့ပထမဒေါက်တာကသူ့လက်ထဲကအဖြူရောင်ကြွေအိုးလေးကိုတွင်းထဲကိုထည့်လိုက်ပီး

"Alex ကောင်းကောင်းမွန်မွန်အနားယူပါပီးတော့နောက်ဘဝကျရင်ခင်ဗျားချစ်သူနဲ့ပြန်လည်ဆုံစည်းပါစေလို့ကျတော်ဆုတောင်းပါတယ်"

ယင်းမာတယောက်မျက်ရည်တွေနဲ့လက်ထဲကစာအုပ်လေးကိုတွင်းထဲထည့်လိုက်သည်။ပီးတော့ကြွေအိုးအပြာလေးကိုအခုနကကြွေအိုးအဖြူလေးနားကပ်ကာထည့်လိုက်သည်။ယင်းမာမျက်ရည်ကျရင်းနဲ့

"မိုင် ကောင်မစုတ်လေး.ငါ့ကိုထားသွားပီပေါ့ငါ့ကိုထားသွားပီပေါ့အရူးမလေးရယ် မိုင် ကောင်မစုတ်လေးရယ်အဲ့လောက်ထိနုနယ်ရလားပွင့်ပွင့်လင်းလင်းသာငါ့ကိုရင်ဖွင့်ရင်ငါဖြေရှင်းပေးနိုင်ချင်နိုင်မှာပေါ့အခုတော့”

Why..?   Because,Where stories live. Discover now