"မ”

ကျတော်အထက်တန်းကျောင်းသားဘဝလောက်ကတည်းကကျောင်းနားကcafeလေးရယ့်ပိုင်ရှင်မမဖြူဖြူဥဥအကောင်သေးသေးနဲ့တည်ငြိမ်တယ့်မမခကိုရူးရူးမူးမူးဖြစ်တယ့်အထိချစ်မိခဲ့တယ်။
ပထမဆုံးမြင်လိုက်ရတာကကျတော် စာမေးပွဲရက်မှာပေါ့ဗျာ မမကိုငေးတာ ကျတော် ကားတိုက်မိတယ့်အထိပဲ ခေါင်းလေးနဲနဲထိခိုက်သွားတာကလွဲရင်ဘာမှကြီးကြီးမားမားမဖြစ်လို့မမကိုထပ်ပီးမြင်ခွင့်ရတာ။
ကျောင်းပီးသွားပီး ၃နှစ်အကြာမှာမမကိုချစ်ခွင့်ပန်ခဲ့တယ်။
မမကိုချိုချိုသာသာချစ်ခွင့်ပန်ချင်ပေမယ့်
အဲ့နေ့ကဘီယာနဲနဲသောက်ပီးရဲဆေးတင်တာအတင်လွန်ပီးမူးသွားတယ်ပီးတော့မမတိုက်ခန်းထိလာသောင်းကျန်းပီးအဖြေတောင်းခဲ့တယ်။ကြောက်တတ်တယ့်မမကကျတော့်ကိုပိုပီးအသဲယားစေတယ်။မမကျတော့်ကိုကြောက်သွားတာသိပ်ချစ်ဖို့ကောင်းတယ်။
ချစ်သူသက်တမ်းတလကျော်လောက်အကြာမှာကျတော်မိဘတွေဆီမှာအလုပ်ဝင်လုပ်ခဲ့တယ်အနာဂတ်မှာမမကိုတင့်တင့်တယ်တယ်ထားဖို့
အဲ့နေ့Vc ပြောတော့

"မ,”

"ရှင်”

ကျတော့်ကိုရှင့်လို့ထူးတော့နခမ်းနာသွားပုံရတယ်။
"နှုတ်ခမ်းပေါက်နေတာလားမ”
သူ့အမေးကို ခေါင်းလေးညိတ်ပြရင်း
"အင်း မောင် ငါမနက်ကတံခါးနဲ့ရိုက်မိ”
စကားတောင်ဆုံးအောင်နားမထောင်ပဲဖုန်းချပီးကျတော်ပြေးလာခဲ့တယ့်အထိစိုးရိမ်ခဲ့တယ်ဆေးထည့်ပေးတာကိုတပြုံးပြုံးနဲ့ကြည့်နေတယ့်မကသိပ်တည်ငြိမ်လွန်းတယ်။

"မ, မင်းအလုပ်သွားရင်ဘာလို့ဟိုးဘက်ကတပါတ်ကြီးသွားနေတာလဲ”

သူ့အမေးကိုမျက်နှာလေးပျက်ရင်း

"ဟိုဘက်တိုက်ကြားကခွေးမဲကလေမောင်ငါ့ကိုထွက်ထွက်ဟောင်တယ်ငါသူ့အသံကိုတအားကြောက်လို့ပါ”

အဲ့နေညကကျတော်ဘာဂါတလုံးဝယ်ပီးအရက်ပြန်လောင်းကာခွေးကိုသွားကျွေးခဲ့တယ်။အမြုပ်တခိခိနဲ့သေသွားတယ့်ခွေးကိုသနားပေမယ့်ကျတော်ချစ်ရသူအတွက်ပဲလေ။

မ, ကသူ့ကိုဆူခဲသည်ဆူလဲ မ , ကဗျာဆိုပီးငိုမဲ့မဲ့လုပ်ကာမရင်ခွင်ထဲတိုးပီးခလေးလိုလုပ်လေ့ရှိသည်။
ထိုနေ့က၂လပြည့်anniနေ့ မ, အတွက်နေကြာပန်းစီးလေးဝယ်ကာ suprise လုပ်မို့ မ,ရယ့် cafeလေးကိုသွားခဲ့ပေမယ့်
ဆိုင်ပိတ်ထားတာမို့အိမ်ကိုကျတော်ပြန်ခဲ့တယ်။
အိမ်မှာကျတော်တွေ့လိုက်ရတာကဆေးဗူးတဗူးနဲ့ဆေးစာရွက်တွေကျတော်စာတွေဖက်လိုက်တော့ရူးသွားသလိုပဲ  ကျတော့်ရယ့် မ , ကရောဂါရှိနေတာလား။
ဟင့်အင်းကျတော်သူမကိုအားပေးရမယ်။
မ, ကိုစိတ်ချမ်းသာအောင်ထားမယ်လို့တွေးလိုက်တယ်။
ဒါပေမယ့်ကျတော့်ကိုမရင်မဖွင့်ခဲ့ဘူး။
မ​, ​ေ​ရချိုးခန်းထဲကထွက်လာ​ေတာ့ကျတော်ကို မသိမသာမျက်နှာလွှဲတယ်။ကျတော်က မ, မျက်နှာတကမ္ဘာဖြစ်နေတယ့်သူပါဗျ။
မျက်ခမ်းစပ်တွေရဲနေတာမျက်ခွံတေမို့နေတာသူမ ငိုထားမှန်းသိတယ်ဗျ။
ရှိုက်သံမထွက်အောင်ထိန်းပီးကျတော့်ကိုပင်ပန်းလို့အိပ်မယ်ဆိုတယ့်စကားနဲ့ကျတော်ဧည့်ခန်းကဆေးဗူးတွေနဲ့ဆေးစာတေမမြင်ဘူးအထင်နဲ့ဖွက်သိမ်းသွားတယ်။ဒီလိုကြီးအိပ်ယာထဲသွားငိုနေပီးတော့
Anni dayကိုဖြတ်ကျော်ဖို့လုပ်တယ်။
ကျတော့်ကိုကျောခိုင်းအိပ်နေတယ့်မကိုကျတော်သွားမေးပါသေးတယ်ဘာဖြစ်လို့လဲဆိုတော့ ဘာမှမဖြစ်ဘူးတယ့် ။
ဘာလဲကျတော်ကအဲ့လောက်စောက်ရေးမပါတယ့်လူလား။

Why..?   Because,Where stories live. Discover now