Chapter 15

703 67 1
                                    

သနားဖို့ကောင်းနေတဲ့ရှီရီမုန့်ကိုကြည့်ပြီးယုရှင်းဟယ်က တကယ်ဒေါသထွက်လာသည်။သူက မန်ယုယုဘက်ကို လှည့်ပြီးအေးစက်စွာပြောလိုက်သည်။

"နင်ရူးနေလား?ဘာပြသနာဖြစ်နေတာလဲ!"

မန်ယုယု..ဘယ်သူတွေဝေဖန်နေပါစေဂရုမစိုက်ဘူး.. ဒါပေမယ့်..ယုရှင်းဟယ်!သူမဒီလူကိုချစ်တယ်..ဒါပေမယ့် သူမချစ်တဲ့လူကစုန်းမ ရှီရီမုန့်ကိုကာကွယ်ပေးနေပြီးသူမ ကြမ်းတမ်းစွာပြောဆိုနေတယ်။

မန်ယုယုကနာကျင်စွာနှုတ်ခမ်းတွေကိုက်လိုက်ပြီးအေး စက်စွာပဲယုရှင်းဟယ်ကိုပြန်ပြောလိုက်သည်။

"ဒီခွေးမကနင်နဲ့ယွန်ဟွာမနေ့ညကစတိုခန်းမှာချိန်းတွေ့ တယ်လို့ပြောလို့ငါတခြားလူတွေခေါ်ပြီးလိုက်သွားတာ အဲဒါအားလုံးဒီကောင်မကြောင့်ပဲ! ရှင်းဟယ်..ဒီမိန်းမလှည့် စားနေတာမခံရစေနဲ့..အဲဒါတွေအားလုံးကဟန်ဆောင်နေ တာတွေ!"

"နင့်ပါးစပ်ပိတ်ထား!"

ယုရှင်းဟယ်ဒေါသနဲ့ထပ်အော်လိုက်သည်။

"နင်အိမ်မက်နေတာရပ်တော့..ခုံမှာသွားပြန်ထိုင်..မဟုတ် ရင်..မနေ့ညကသတင်းကိစ္စထပ်ဆိုးဆိုးရွားရွားဖြစ်လာရင် ငါ့အဆိုးမဆိုနဲ့..ငါနင့်ကအဖေကိုမကြောက်တာနင်သိ တယ်မဟုတ်လား!"

"ယုရှင်းဟယ်!" မန်ယုယုမျက်လုံးပြူးနဲ့မယုံနိုင်စွာ ယုရှင်းဟယ်ကိုကြည့်လိုက်သည်။

သေစမ်း..သူမနဲ့ငယ်ငယ်လေးထဲကကြီးပြင်းလာတဲ့သူက မိသားစုချင်းအရမ်းရင်းနှီးခဲ့တဲ့သူက..သူမအဖေအားနည်း ချက်ကိုကိုင်ပြီး ရှီရီမုန့်ကိုကာကွယ်ပေးနေတယ်..။

ဒါပေမယ့်..သူမမှာရွေးချယ်စရာမရှိဘူး။

မနေ့ညကသတင်းပိုဆိုးမသွားစေဖို့ကလွဲရင်သူမမှာရွေး ချယ်စရာမရှိဘူး။သူမအဖေမှားယွင်းခဲ့ပေမယ့်..သူမအဖေ မို့ဒီသတင်းကိုပေါက်ကြားစေလို့မဖြစ်ဘူး။ဂုဏ်သိက္ခာ တွေ၊မာနတွေ၊ကြိုးစားအားထုတ်ခဲ့ရမှုတွေအားလုံးပျက်စီး ကုန်လိမ့်မယ်။

နောက်ပီး..သူမအမေခန္ဓာကိုယ်ကအရမ်းအားနည်းနေ တာမို့ဒီသတင်းကြောင့်သူမအမေကိုစိတ်မထိခိုက်စေချင်ဘူး။

ကို့ရဲ့ကောင်မလေး ❤️Where stories live. Discover now