Chapter 28 - U/Z

636 65 1
                                    

ရှီရီမုန့် ကနှုတ်ခမ်းကိုက်ထားရင်းရှီချူးလင်ကိုလှို့ဝှက်စွာ ကြည့်လိုက်သည်။

ရှီချူးလင်ကတော့ဘာမှမကြားသလိုမျက်နှာတစ်ချက်မှ မပျက်ဘဲနူးညံ့တဲ့အပြုံးနဲ့သာသူတို့ကိုကြည့်နေသည်။

ယန်ကုန်းကျီကတော့ရှီချူးလင်ကိုအပြစ်ရှိစိတ်ကိုမဖုံးထား နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်သည်။

ယန်ဟွာအကျယ်ကြီးအော်ရယ်ချင်မိသွားသည်!

ယန်ကုန်းကျီကရှီချူးလင်အတွက်အပြစ်ရှိသလိုခံစားရတာ တဲ့လား? ဘာလဲ..သူမကမယားငယ်ပဲဖြစ်နေရလို့လား?

ဒီလိုနဲ့ယန်ဟွာအမေနဲ့ကွာရှင်းပီးရှီချူးလင်နဲ့လက်ထပ်ဖို့ လိုလောတော့မှာမဟုတ်လား!

ယန်ဟွာခပ်တိုးတိုးရယ်လိုက်သည်။

"ဟုတ်သားပဲ..ဟွာဟွာ..လွန်ခဲ့တဲ့၂ရက်ကနင်ပြောခဲ့တာ တကယ်ပဲလား?"

"ဘာလဲ?" ယန်ဟွာကမျက်တောင်တွေခတ်လိုက်သည်။

ရှီရီမုန့်ကယန်ဟွာကိုရင်းနှီးစွာဖက်လိုက်ပီးယန်ကုန်းကျီ ကိုအပြုံးနဲ့မေးလိုက်သည်။

"ဦးလေးယန်, ဟွာဟွာကလွန်ခဲ့တဲ့၂ရက်ကသူမစေ့စပ် ထားတဲ့ကိစ္စပြောခဲ့တယ်..အဲဒါအဖိုးယန်ကစီစဉ်ပေးခဲ့ တာဆို..တစ်ဘက်မိသားစုကဂုဏ်သတင်းရှိတဲ့မိသားစု ဆို! တကယ်ပဲလားဦးလေးယန်?"

ယန်ကုန်းကျီကမျက်ခုံးနဲနဲတွန့်ကာခေါင်းညိတ်လိုက်ပြီး..

"မှန်တယ်..ဒါပေမယ့်ဟွာဟွာလိုရွာမှာကြီးပြင်းလာတဲ့သူကစူးမိသားစုလိုမိသားစုထဲဝင်ဖို့ဘယ်လိုအရည်ချင်းရှိမှာလဲ?လက်ထပ်လိုက်ပြီးမှရလဒ်မကောင်းရင်ပိုဆိုးမှာ..အဲဒါကြောင့်ငြင်းဖို့လုပ်ထားတယ်..လက်ထပ်ပီးမှဆိုဘာမှလုပ် လို့ရမှာမဟုတ်ဘူး"

ရှီရီမုန့်ကယန်ဟွာကိုအံ့သြသလိုကြည့်လိုက်သည်။

ယန်ဟွာကလဲသရုပ်ဆောင်အရည်ချင်းအပြည့်နဲ့သူမရဲ့ အဖေကိုအံ့သြစွာကြည့်ပီးအော်လိုက်သည်။

"သမီးမဖျက်ချင်ဘူး..သမီးစီနီယာစူးကိုကြိုက်တယ်..သူနဲ့ လက်ထပ်ချင်တယ်!"

ကို့ရဲ့ကောင်မလေး ❤️Where stories live. Discover now