Chapter 22

705 69 2
                                    

"ဟေး..ကောင်မလေး..ငါ့ကိုတစ်ညလောက်မင်းအိမ်မှာ..တည်းခွင့်ပေးမလား..ငါလူဆိုးမဟုတ်တာကိုအာမခံတယ်!"

ယန်ဟွာကအံကြိတ်လိုက်ရင်း

"လူဆိုးကသူလူဆိုးပါလို့ပြောတာကိုရှင်မြင်ဘူးလား?"

ထိုလူကချောင်းဟန့်လိုက်ရင်း..

"မင်းကို ID ပြရမလား? ငါတကယ်လူဆိုးမဟုတ်ဘူး!"

ယန်ဟွာကနှာခေါင်းရှုံ့ရင်း..

"ဦးလေး..အခုဖုန်းရုံတွေအနှံ့မှာ ID တုတွေနဲ့ပတ်သတ် ပြီးသတိပေးစာတွေကပ်ထားတယ်..ရှင့် ID ကရောအတု မဟုတ်ဘူးလို့ဘယ်သူပြောနိုင်မှာလဲ?နောက်ပီးရှင့်လိုလူ ကနေဖို့မရှာနိုင်ဘဲအလယ်တန်းကျောင်းသူအိမ်ကိုလိုက် တည်းမယ်ဆိုတာကဘာကောင်းတာရှှိမှာလဲ?"

"ဦးလေး?ငါအဲလောက်အိုနေလား?"

ထိုလူကသူမပြောတဲ့စကားထဲကအဓိကမကျတာကိုဆုပ်ကိုင်ရင်းသူ့မျက်နှာကိုသူပြန်ထိတွေ့လိုက်သည်။

"ငါတော့ဒီလောက်မဆိုးဘူးထင်တာပဲ..ညမို့မင်းသေချာ မတွေ့သေးလို့နေမှာပါ..မင်းငါ့ကို 'ကိုကို'လို့ခေါ်သင့် တယ်..!"

အော့..ဘာလို့ "ကိုကို" ခေါ်ရမှာလဲ!

ယန်ဟွာကထိုလူခြေထောက်ကိုပြင်းထန်စွာနင်းလိုက်၏

ထိုလူကယန်ဟွာချက်ခြင်းတုန့်ပြန်မယ်မထင်တော့သူမကိုထိန်းချုပ်ထားတာမျိုးမရှိဘူး။ဒါ့ကြောင့်ထိုလူနာနေတုန်း ယန်ဟွာကအမြန်ပြေးထွက်လာခဲ့သည်။

သူမသေရေးရှင်ရေးလိုအမြန်ပြေးထွက်ခဲ့သည်။မီးလင်းနေတဲ့လမ်းမကြီးပေါ်ကလူတွေကြားကိုပြန်ရောက်တော့မှ ယန်ဟွာကလုံခြုံသလိုခံစားမိသည်။သူမကနောက်ပြန် လှည့်ကြည့်ရင်းထိုလူမလိုက်လာစေဖို့သေချာအောင်လုပ် လိုက်သည်။မလိုက်လာတာမြင်တော့သူမစိတ်အေးသွား သည်။ ယန်ဟွာဟိုဟိုဒီဒီမလျှောက်ဝံ့ဘဲအိမ်ကိုအမြန်ပြန် လာခဲ့သည်။ သူမအိမ်ပြန်လမ်းတစ်လျှောက်ထိုလူက ဘယ်သူလဲဆိုတာတွေးနေသည်။ဘာလို့အဲဒိ့လူကိုရင်းနှီး သလိုဖြစ်နေတာလဲ..။

အရင်ဘဝတုန်းက..သူမမှာအသိုင်းဝိုင်းကျဉ်းကျဉ်းလေးပဲ ရှိခဲ့တာ..ဒီလောက်ချောတဲ့သူကိုမမှတ်မိနိုင်စရာရှိလား?

ကို့ရဲ့ကောင်မလေး ❤️Where stories live. Discover now