ဂင်မ်မင်းဆက်အုပ်စိုးသည့်ခေတ်။ ဟွန်းဂိုပြည်ရှိနန်းတော်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်နေသည်။
အဘယ်ကြောင့်ဆို။ မင်းကြီးဂင်မ်ထယ်ယောင်း၏ သုံးယောက်မြောက်မိဖုရား ဘွန်းဟီမယ်မယ်မီးဖွားနေခြင်းကြောင့်ဖြစ်သည်။
ထိုသည်အတွက်။ မင်းကြီးထယ်ယောင်းမှာလည်းတိုင်းရေးပြည်ရေးကိစ္စများကိုစီစစ်နေရင်းစိတ်မဖြောင့်နိုင်စွာဖင်တစ်ကြွကြွဖြစ်နေတော့သည်။
" မင်းကြီး စိတ်အေးအေးထားတော်မူပါဦး။ ဘွန်းဟီမယ်မယ်ကကျန်းမာတာမို့မီးဖွားနိုင်မှာပါ။"
မိဖုရားခေါင်ကြီးဖြစ်သူ ရှန့်ယုံးမယ်မယ်က ဘေးနားတွင်ထိုင်နေရာမှဆိုလိုက်သည်။
မင်းကြီးထယ်ယောင်းသည် မိဖုရားလေးယောက်နှင့်သားတော်နှစ်ပါးရှိသော်ငှား။ ငယ်ငယ်ရွယ်ရွယ်နှင့် သက်တော်၁၅နှစ်မှစ၍အရိုက်ရာဆက်ခံခဲ့ခြင်းကြောင့်။ ယခုဆိုလျှင်သွေးသားသုံးယောက်ရတော့မည် သက်တော်သည်ကား၂၀နှစ်ခန့်သာရှိသေးသည်ဖြစ်၏။
ထို့ကြောင့်လည်း။ သက်တော်ကြီးမြင့်ပြီဖြစ်သော အခြားမင်းများကဲ့သို့မိဖုရားများအပေါ်သွေးမအေးနိုင်ပဲ။ ချစ်နှစ်သက်ခြင်းမရှိသော်လည်း နှမများကဲ့သို့ပူပန်ခြင်းဖြစ်ပေသည်။
" ဘွန်းဟီမယ်မယ်ကျန်းမာတာသိပေမယ့် ကိုယ်တော့်ရဲ့သွေးသားအတွက်ပူပင်တယ်မိဖုရားကြီး။"
" ခမည်းတော် သားတော်ကညီလေးရတော့မှာလား"
မိဖုရားခေါင်ကြီးကိုပြောနေခိုက်။ စာပေတင်သည့်စားပွဲပုလေးအောက်မှရှိုဝင်လာသော ၅နှစ်သားအရွယ်အကြီးဆုံးမင်းသားလေး အားကောက်ပွေ့လိုက်သည်။
" ဒါပေါ့သားတော်ရဲ့။ ညီတော်လေးကိုချစ်ပေးမယ်မလား။"
" ခစ်~ခစ်~သားတော်ကအားကြီးချစ်ပေးမှာ။"
အကြီးဆုံးသားတော်၏ ချစ်စဖွယ်အမူရာလေးများကြောင့် မိဖုရားကြီးနှင့်မင်းကြီးထယ်ယောင်းတို့ပါရယ်မောရသည်။
မကြာပါ။ နန်းဆောင်အတွင်း အလောတကြီးဝင်သော ဘွန်းဟီမယ်မယ်ရဲ့အထိန်းတော်ကြောင့် မိဖုရားခေါင်ကြီးနှင့်ထယ်ယောင်းတို့အာရုံစိုက်လိုက်ကြသည်။
YOU ARE READING
(သွေးသား)
Fanfiction" ကိုယ့်သွေးသားအပေါ်မှာတောင် အမြတ်ထုတ်တဲ့ခမည်းတော်လို လူမျိုးကို ဂုလေးသိပ်ရွံတာပဲ" {ဤFicတွင်ပါဝင်သောအကြောင်းရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသည်။}