" မင်းသားငယ်။ မင်းသားငယ်ပြန်လာခဲ့ပါ အဲ့ဒီ့ကိုမသွားပါနဲ့။"
" မရဘူး။ အကိုတော့်စီသွားမှာ ဂုလေးကိုမတားနဲ့။"
အပြာနုရောင်ဝတ်ရုံလေးကို မရင်း ခြေတံတိုလေးများဖြင့်စာသင်ဆောင်ဘက်ကိုပြေးလွှားနေသူလေးအနောက်မှ။ အထိန်းတော်များထပ်ကြပ်မကွာလိုက်နေရသည်။
တစ်နေ့တစ်နေ့ မင်းသားကြီးရှိရာ စာသင်ဆောင်ဘက်ကိုသွားသွားပြီးမွှေလွန်းတာကြောင့် မိခင်ဖြစ်သူ ဘွန်းဟီမယ်မယ်ကတားမြစ်ထားခြင်းဖြစ်သည်။
သို့ပေမယ့်။ အထွေးဆုံးလေးပေမို့ မင်းသားကြီးကခွင့်လွှတ်ပြီးအလိုလိုက်ထားတဲ့အတွက်ဆိုးနေခြင်းဖြစ်ပေသည်။
အခုလည်း။ ၅နှစ်သားလေးသာပြောတယ်ပြေးတာမှမှုံနေတာကြောင့်အထိန်းတော်များခြေကုန်သုတ်ပြီးလိုက်ရတော့၏။
" အကိုတော်ရေ အကိုတော်!"
" ဂုလေး ပြေးမလာနဲ့ချော်လဲမယ်"
အဝေးကနေပြေးလာတဲ့ညီတော်ကြောင့် စာသင်ချိန်ပြီးလို့ထွက်လာတဲ့မင်းသားကြီးသည် ဒူးထောက်ထိုင်ချရင်းစည်းကြိုလိုက်သည်။ အနောက်ကအထိန်းတော်များကတော့လျှာထွက်မတက်ပင်ဖြစ်နေတော့သည်။
" ဂုလေး ဝတ်ရုံစကိုတက်နင်းမိပြီးလဲလိမ့်မယ်လေ။ ဘာလို့ပြေးနေတာလဲ။"
" ဟွန်း ဒီက ဂုလေးက အကိုတော့်ကိုလွမ်းလို့အပြေးတပိုင်းလာတာပါနော်။ ဒါကိုအပြစ်တင်နေတယ်။"
" ဟဟ~ စကားတွေကသိပ်တတ်နေ ပါရောလားညီတော်လေးရဲ့"
မင်းသားကြီးသည် ဂုလေး၏ ချွဲနွဲ့မှုတို့ကိုသဘောကျ၍ သတက်ချွတ်ချွန်လေးပေါ်သည်အထိရယ်မောလေသည်။
ထိုစဉ်မှာပဲ။
" မင်း တစ်နေ့တစ်နေ့အကိုတော့်ရဲ့စာသင်ဆောင်မှာပဲလာရှုပ်နေတော့မှာလား။"
ယက်တောင်တစ်ဖျက်ဖျက်ခတ်ရင်းဝင်ပြောလာတဲ့ မင်းသားလပ်ကြောင့်။ ဂုလေးရဲ့မျက်နှာလေးငယ်သွားရပြီး မင်းသားကြီးကတော့မတ်တက်ရပ်လိုက်သည်။
" ညီတော်လပ် ဂုလေးကိုဒီလိုမပြောသင့်ဘူး။"
" အို အကိုတော်ဘာသိလို့လဲ။ သူက ခမည်းတော်အရေးပေးထားလို့ထင်ရာဆိုင်းနေတာ။"
YOU ARE READING
(သွေးသား)
Fanfic" ကိုယ့်သွေးသားအပေါ်မှာတောင် အမြတ်ထုတ်တဲ့ခမည်းတော်လို လူမျိုးကို ဂုလေးသိပ်ရွံတာပဲ" {ဤFicတွင်ပါဝင်သောအကြောင်းရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသည်။}