ထယ်ယောင်း ဂုလေးကိုခေါ်ကာ တိုင်းပြည်အနှံ့နီးပါးလည်ပတ်သည်။ ပင်ပန်းလာတဲ့ ဂုလေးကြောင့် စျေးတန်းတစ်နေရာဝင်လိုက်၏။
" ဂုလေး ဗိုက်ဆာနေပြီလား"
" ဆာတယ်ခမည်းတော်။ ဟိုနားက ကြာရိုးစွတ်ပြုတ်နံ့ရတယ် ဂုလေး စားချင်လိုက်တာ။"
" ဂုလေးစားချင်ရင်သွားစားကြတာပေါ့။ ဒါပေမယ့် အစားသောက်တွေကြမ်းမကြမ်းတော့ ကိုယ်တော်အရင်စစ်ကြည့်မယ်။ မကြမ်းကာမှ ဂုလေးစားပေါ့။"
" ဟုတ်ခမည်းတော်"
လူအများအပြားထိုင်စားနေသည့် ခေါက်ဆွဲဆိုင်လေးကိုလက်ညှိုးထိုးပြီးပြောတော့ ထယ်ယောင်းလိုက်ရောလိုက်သည်။
ကိုယ်ရံတော်တွေအား အနောက် ထက်ကြပ်မကွာလိုက်ခိုင်းရင်းအစားသောက်တွေမှာစေ၍ မြင်းပေါ်ကဆင်းလိုက်သည်။ ထို့နောက် ဂုလေးကိုမြင်းပေါ်ကနေချပေးပြီးချီထားလိုက်၏။
အစားသောက်တွေလာချပေးသော် ဂုလေးက ထယ်ယောင်းရင်ခွင်ထဲမှာ ပျော်မြူးနေတာမို့ထယ်ယောင်းစိတ်ချမ်းသာရသည်မှာမလွဲ။
ထိုစဥ်။ ဆိုင်ရှင်အဒေါ်ကြီးကစကားစလိုက်သည်။
သို့ပေမယ့်။ ထိုစကား ကြောင့် ထယ်ယောင်းဒေါသတွေဟာမီးဖွားကဲ့သို့တောက်လောင်လာရ၏။
" ဒီကကလေးလေးက လူကြီးမင်းရဲ့တူလေးလားကွဲ့ ရုပ်ကလေးကအတော်လှတာပဲ"
"အတင့်ရဲလှချည်လား မယ်မင်း!"
ချွန်*~
ထိုအဒေါ်ကြီးလည်ပင်းထက် ဓားရှည်ကိုတင်ရင်းဆိုလိုက်တဲ့အတွက်။ သူမသည် ပြာပြာယာယာဖြင့် ဒူးထောက်ဝတ်တွားကာတောင်းပန်လေသည်။
အနောက်က မှုူးမတ်များကလည်းအံ့ဩသွား၍ ထိုအဒေါ်ကြီးကိုဓားများနှင့်ချိန်ရွယ်တော့သည်။
ဆိုင်ထဲရှိလူတွေကလည်းကြောက်ကြောက်လန့်လန့်ကြည့်ကြသေးသည်။
" ကျွန်တော်မျိုးမ တောင်း တောင်းပန်ပါတယ်ရှင်။ သခင်ကြီးအပေါ် အမှားလုပ်မိတာရှိရင်ခွင့်လွှတ်ပေးပါ။ မှားပါတယ် အသက်ချမ်းသာပေးပါ။"
YOU ARE READING
(သွေးသား)
Fanfiction" ကိုယ့်သွေးသားအပေါ်မှာတောင် အမြတ်ထုတ်တဲ့ခမည်းတော်လို လူမျိုးကို ဂုလေးသိပ်ရွံတာပဲ" {ဤFicတွင်ပါဝင်သောအကြောင်းရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသည်။}