" ခမည်းတော်!"
မခေါ်ရတာကြာပြီဖြစ်တဲ့ထိုနာမ်စားအား ခေါ်လိုက်သော်။ လှည့်ကြည့်လာတဲ့ ခမည်းတော်က ဟိုးအရင်အချိန်တွေကလို ညိုညိုချောချောဘုရင်ငယ်တစ်ပါးမဟုတ်တော့ပဲ။ တောင့်တောင့်တင်းတင်းနှင့်ခန့်ညားလှသည့်အရပ်နှင့်ဥပတိရုပ်ကိုပိုင်ဆိုင်ထားလေသည်။
အရင်အချိန်တွေကလိုပြေးဖက်လိုက်ချင်ပေမယ့်။ ဒီတောအတွင်းအနေဝေးသွားသည့်အတွက်အနည်းငယ်စိမ်းသက်သွားတဲ့ဆက်ဆံရေးကြောင့် တုန့်နှေးနေရသည်။
ခြေသုံးလှမ်းအကွာရှိခန့်ညားလှသည့်ထိုဘုရင်မင်းမြတ်သည်။ မိမိ၏ခမည်းတော်ဆိုတဲ့အသိနှင့်တင် အသက်ကို ပြင်းပြင်း ရှူကာ အနားသွားလိုက်သည်။
" ဂုလေး ခမည်းတော်လာမှာကိုမေ့သွားလို့စိတ်မကွပ်လိုက်ပါနဲ့နော်။ အော် ပြီးတော့လေ မယ်တော့်ကိုလည်းသွားမပြောပါနဲ့။"
" ကိုယ်တော်က ဂုလေးအပေါ်စိတ်မကွပ်ရက်ပါဘူး။ အခုဟာက ဂုလေးမွေးနေ့မလို့ လိုချင်တဲ့လက်ဆောင်များရှိမလားဆိုပြီးရောက်လာတာ။"
" ဟင် တကယ်လားခမည်းတော်"
" ကိုယ်တော်က ဂုလေးကိုညာဖူးလို့လား"
ပြုံးရယ်ရင်းပြောသော်ထိုပန်းနုရောင်ပွင့်ဖက်ငယ်လေးက မျက်လုံးလေးတွေမှိတ်ကျသွားသည်အထိပျော်ရွှင်စွာရယ်မောလေသည်။
အရင်လိုတစ်ထစ်ရှိ ရင်ခွင်ထဲပြေးဝင်မလာတော့တဲ့သူလေးကြောင့် စိတ်မကောင်းဖြစ်ရပေမယ့်လည်း ။ ဒါဟာ အဆိုးထဲကအကောင်းပေမို့ဖြေသိမ့်လိုက်သည်။
" အဲ့တော့ ဂုလေးလိုချင်တာတစ်ခုခုများမရှိဘူးလား။"
" ဟိုလေ....နောက်ရက်ကျရင် နန်းတော်အပြင်ကရွာသားတွေလုပ်တဲ့ရုပ်သေးပွဲတော်ရှိတယ်။
အဲ့ဒါမယ်တော်ကမသွားခိုင်းလို့ခမည်းတော်လိုက်ပို့ပေးပါလားဟင်။"
မျက်လုံးဝိုင်းဝိုင်း လေးတို့ကလက်ကနည်းဖြင့်တောင်းဆိုလာသည်။ ဒီအတွက်အဖြေစကားဆိုလိုက်သော်ငှား။
" လိုက်ပို့ပေးမှာပေါ့ဂုလေးရဲ့~"
အလိုအလျောက်ရောက်ရှိသွားတဲ့လက်ချောင်းတို့က ဂုလေး၏နားသယ်စမှဆံသားတို့ကိုသပ်တင်ပေးပြီးသားဖြစ်သွားသည်။
YOU ARE READING
(သွေးသား)
Fanfiction" ကိုယ့်သွေးသားအပေါ်မှာတောင် အမြတ်ထုတ်တဲ့ခမည်းတော်လို လူမျိုးကို ဂုလေးသိပ်ရွံတာပဲ" {ဤFicတွင်ပါဝင်သောအကြောင်းရာများသည် စာရေးသူ၏စိတ်ကူးသပ်သပ်သာဖြစ်ပါသည်။}