- I -

722 61 3
                                    

ကုမ္ပဏီရုံးခန်းရဲ့ အနက်ရောင် Leather Chair ကို ကျောပြင်တစ်ခုအားမှီချလိုက်ရင်းမျက်လုံးများကိုပါမှိတ်ချလိုက်တယ်၊ ပင်ပန်းတယ်လို့ မငြီးငြူးချင်‌တော့ပါ၊ သူမ က Anne Park ရဲ့ ဥက္ကဌ Roseanne Park မဟုတ်ပါလား။

" ဥက္ကဌကြီး ကားအဆင်ဆင့်ဖြစ်ပါပြီ "

အတွင်းရေးမှူး ရဲ့ သတိပေးစကားကြားမှ ဘယ်ဘက်လက်ကောက်ဝတ် ပေါ်ကနာရီကို‌ကြည့်မိတယ်။ အင်း ရုံးဆင်းချိန်းတောင်ရောက်ပြီပဲ..

" ဦးလေးဂင်.. "

" ဒီနေ့သခင်ကြီးနဲ့ သခင်မကြီးနဲ့နှစ်ပတ်လည်‌နေ့ပဲ ကျနော် သတိရပါတယ် မမလေးရဲ့ ခုနကခေါ်တာလဲ ပန်းဆိုင်ကိုသွားမယ်ပြောမလို့မလား "

ကား‌‌နောက်ခန်းရဲ့ခုံကိုမှီထားရင်း ပွင့်မလာတဲ့မျက်လုံးများ မှိတ်လျက်ကပင်နှုတ်ခမ်းပါးအချို့ကွေးလိုက်မိတယ်။ သူမတကယ်ပင်ပန်းနေလေသည်။

" ဦးလေးဂင် ကတော့ ကျွန်မအပေါ်တကယ်အကောင်းဆုံးပဲ "

" ဒါဆိုလဲ ကျနော် စိတ်ချမ်းသာအောင် ပျော်ပျော်နေပါ မမလေးရဲ့ "

ငဲ့ကြည့်စရာတွေများများရှိမနေတဲ့ ဘဝ ထဲမှာ ဦးလေးဂင်ကတော့ အရေးပါတဲ့အစိတ်အပိုင်းလေးတစ်ခုပါပဲလေ။ အပြုံးခပ်စစနဲ့ အမြဲတုံ့ပြန်ခဲ့တဲ့ ဦးလေးဂင် ဆိုသူဟာ ဖေဖေ့လက်ထဲက ကလေးငယ်ငယ်ဘဝကစလို့ Rosennae Park ဖြစ်လာတဲ့ထိ အချိန်အတိုင်းတာဘယ်‌လောက်ကြာအောင်များ စောင့်ရှောက်ခဲ့ရလဲ။


" ကျေးဇူးတင်တယ်နော် အစစအရာရာအတွက် "


🥀



ဆိုင်အဝင်ဝက တွဲလဲကျနေတဲ့ ဆည်လည်းသံကတောင်ကတင်ကြောင့် တံခါးဝဆီ အကြည့်တချို့ပို့မိတော့

ကျဆင်းနေတဲ့အဖြူရောင်နှင်းတွေ နဲ့အတူ December လရဲ့ 25 ရက်နေ့တိုင်း ‌ရောက်လာတက်တဲ့ သူမ

" December 25 ရက် နေ့တောင် ပြန်ရောက်လာပြီပဲ "

Lisa တစ်ကိုယ်တည်းကြားရုံ‌လောက်သာနှုတ်မှရွတ်လိုက်မိတယ်


ဒယ်ဒီ့ ကို ခပ်ချိုချိုအပြုံးတွေပေးရင်း ပန်းစည်းကိုကြည့်နေတဲ့သူမက ကိုယ့်လက်ရာကိုသဘောကျနေပုံ။ လူတစ်ယောက်အကြောင်းကိုစိတ်ဝင်စားလေ့မရှိတဲ့ Lisa ဟာ နှစ်တစ်နှစ်ရဲ့ ခရစ်စမတ်နေ့တိုင်းရောက်လာတက်တဲ့ သူမကိုတော့ စိတ်ထဲထည့်ခဲ့ပါတယ်။

You're the rose that belongs to me Where stories live. Discover now