ကုမ္ပဏီရုံးခန်းရဲ့ အနက်ရောင် Leather Chair ကို ကျောပြင်တစ်ခုအားမှီချလိုက်ရင်းမျက်လုံးများကိုပါမှိတ်ချလိုက်တယ်၊ ပင်ပန်းတယ်လို့ မငြီးငြူးချင်တော့ပါ၊ သူမ က Anne Park ရဲ့ ဥက္ကဌ Roseanne Park မဟုတ်ပါလား။
" ဥက္ကဌကြီး ကားအဆင်ဆင့်ဖြစ်ပါပြီ "
အတွင်းရေးမှူး ရဲ့ သတိပေးစကားကြားမှ ဘယ်ဘက်လက်ကောက်ဝတ် ပေါ်ကနာရီကိုကြည့်မိတယ်။ အင်း ရုံးဆင်းချိန်းတောင်ရောက်ပြီပဲ..
" ဦးလေးဂင်.. "
" ဒီနေ့သခင်ကြီးနဲ့ သခင်မကြီးနဲ့နှစ်ပတ်လည်နေ့ပဲ ကျနော် သတိရပါတယ် မမလေးရဲ့ ခုနကခေါ်တာလဲ ပန်းဆိုင်ကိုသွားမယ်ပြောမလို့မလား "
ကားနောက်ခန်းရဲ့ခုံကိုမှီထားရင်း ပွင့်မလာတဲ့မျက်လုံးများ မှိတ်လျက်ကပင်နှုတ်ခမ်းပါးအချို့ကွေးလိုက်မိတယ်။ သူမတကယ်ပင်ပန်းနေလေသည်။
" ဦးလေးဂင် ကတော့ ကျွန်မအပေါ်တကယ်အကောင်းဆုံးပဲ "
" ဒါဆိုလဲ ကျနော် စိတ်ချမ်းသာအောင် ပျော်ပျော်နေပါ မမလေးရဲ့ "
ငဲ့ကြည့်စရာတွေများများရှိမနေတဲ့ ဘဝ ထဲမှာ ဦးလေးဂင်ကတော့ အရေးပါတဲ့အစိတ်အပိုင်းလေးတစ်ခုပါပဲလေ။ အပြုံးခပ်စစနဲ့ အမြဲတုံ့ပြန်ခဲ့တဲ့ ဦးလေးဂင် ဆိုသူဟာ ဖေဖေ့လက်ထဲက ကလေးငယ်ငယ်ဘဝကစလို့ Rosennae Park ဖြစ်လာတဲ့ထိ အချိန်အတိုင်းတာဘယ်လောက်ကြာအောင်များ စောင့်ရှောက်ခဲ့ရလဲ။
" ကျေးဇူးတင်တယ်နော် အစစအရာရာအတွက် "
🥀
ဆိုင်အဝင်ဝက တွဲလဲကျနေတဲ့ ဆည်လည်းသံကတောင်ကတင်ကြောင့် တံခါးဝဆီ အကြည့်တချို့ပို့မိတော့
ကျဆင်းနေတဲ့အဖြူရောင်နှင်းတွေ နဲ့အတူ December လရဲ့ 25 ရက်နေ့တိုင်း ရောက်လာတက်တဲ့ သူမ
" December 25 ရက် နေ့တောင် ပြန်ရောက်လာပြီပဲ "
Lisa တစ်ကိုယ်တည်းကြားရုံလောက်သာနှုတ်မှရွတ်လိုက်မိတယ်
ဒယ်ဒီ့ ကို ခပ်ချိုချိုအပြုံးတွေပေးရင်း ပန်းစည်းကိုကြည့်နေတဲ့သူမက ကိုယ့်လက်ရာကိုသဘောကျနေပုံ။ လူတစ်ယောက်အကြောင်းကိုစိတ်ဝင်စားလေ့မရှိတဲ့ Lisa ဟာ နှစ်တစ်နှစ်ရဲ့ ခရစ်စမတ်နေ့တိုင်းရောက်လာတက်တဲ့ သူမကိုတော့ စိတ်ထဲထည့်ခဲ့ပါတယ်။
YOU ARE READING
You're the rose that belongs to me
Fanfictionထာဝရဆိုတဲ့အရာတွေပေးအပ်တဲ့အခါ အဖြူရောင်နှင်းဆီတွေက ကိုယ်စားပြုတယ်တဲ့ မင်းကိုချစ်တယ် Roseanne၊ ပြီးပြည့်စုံတဲ့ချစ်ခြင်းအတွက် အနီရောင်နှင်းဆီကိုပါထပ်ပေါင်းပေးပါရစေ