- III -

263 46 2
                                    

ဆယ်ကျော်သက်ဘဝရဲ့ အဖြူစင်ဆုံးမေတ္တာတွေကို ရိုက်ချိုးခဲ့တဲ့ ဒီမိန်းမဟာ Roseanne မုန်းမေ့မရခဲ့တဲ့ အချစ်ဦးတဲ့လေ။ ဘယ်လောက်တောင်ရယ်ချင်စရာကောင်းလိုက်တဲ့ လောကကြီးလဲ။ အရာရာတည်ငြိမ်စပြုနေတဲ့ အခြေအနေမှာ ဒီမိန်းမဟာ တဖန်ဝင်ရောက်လာပြန်သတဲ့။ ဘာတဲ့ " တို့တွေအစက ပြန်စကြ‌ရအောင်လေ " တဲ့လေ။

မီးရောင်စုံ တဖျတ်ဖျတ်ဟာ စိတ်ကိုညစ်ညမ်းစေသလား ခေါင်းကိုမူးနောက်‌စေသလား အယ်လ်ကိုဟော ရဲ့အရသာဟာဘယ်လိုနေလဲ Roseanne မသဲကွဲတော့ပါ။ အရာအာလုံးဟာ ဗလာကျင်းလို့ အတိတ်တွေနဲ့လွန်ဆွဲနေတဲ့မှတ်ညဏ်ထဲမှာလဲ အလုံးစုံသော အ‌ကြောင်းအရာတိုင်းဟာနတ္ထိ။

" ချယ် ဟိုးကိုကြည့် ကြယ်တွေလက်နေတာမလှဘူးလား "

" ဒါပေမဲ့သိလား ချယ် တို့ကိုကြည့်နေတဲ့ အချစ်မျက်ဝန်းတွေက ပိုလင်းလက်တယ် "

" ဒီလိုပဲလှနေတော့မှာလားဟင် တို့ကတော့ သဝန်တွေတိုရတဲ့အလုပ်ပါ ပိုလာပြီ အဲ့တာမင်းကြောင့် ချယ် "

" ကမ္ဘာပေါ်မှာ ဘယ်အချိန်မဆို ငြီးငွေ့ဖွယ်မကောင်းတဲ့အလုပ်ကဘာလဲသိလား ? တို့မင်းကိုချစ်တယ်နော် "

" ဒီမှာကြည့် ဖဲကြိုးလေးတွေမလှဘူးလား ၊ သူတို့ကို ပိုလှအောင်လုပ်ရမဲ့နည်းကိုလဲ တို့သိထားတယ် ဟောဒီက ရွှေအိုရောင်ဆံနွယ်လေးတွေကိုချည်နှောင်လိုက်တာမျိုးလေ "

" နှင်းဆီတွေက‌လေ ဆူးရှိမှတင့်တယ်တာဆို လက်ခံလားဟင် ချယ် "

" ဥပမာကွာ ချယ် က နှင်းဆီ တို့က ဆူးပေါ့ တို့နှစ်ယောက်ရဲ့ပေါင်းစပ်မှုလောက် လိုက်ဖတ်တာရှိပါအုန်းမလား "

You're the rose that belongs to me Where stories live. Discover now