- ll -

294 47 1
                                    

" Morning လီလီ "

" Morning မာမီ၊ ဒါနဲ့ ဒယ်ဒီရော "

မိသားစုဝင်ဆုံမှစားလေ့ရှိတဲ့ မနက်ခင်းထမင်းဝိုင်းတွင် ဒယ်ဒီကိုမတွေ့သောကြောင့်မေးလိုက်ခြင်းဖြစ်သည်။

" Anne Park နဲ့ လုပ်ငန်းကိစ္စ အစည်းအဝေးရှိလို့တဲ့ 7နာရီထဲက သွားလေရဲ့ "

" ဒယ်ဒီကတော့ မာမီထပ် အလုပ်ကိုပိုချစ်နေပြီပဲ "

Lisa ရဲ့ စနောက်လိုက်တဲ့စကားကြောင့် မာမီမျက်နှာဟာ ချက်ခြင်းပျက်သွားပြီး မျက်စောင်းတစ်ခုကပါ Lisa အပေါ်ကျ‌ရောက်လာသည်။


" အဲ့တာဘယ်သူ့ကြောင့်လဲ ပန်းဆိုင်ကိုဖွင့်ပေးမိတာတောင် မာမီ နောင်တရချင်လာပြီ "

" အို မာမီကလဲ နှင်းဆီတွေကို လီလီ ဘယ်လောက်မြတ်နိုးတယ်ဆိုတာ သိရဲ့သားနဲ့ သဘာဝတရားကြီးကိုချစ်တက်ရမယ်ဆိုမာမီကိုယ်တိုင်ပြောခဲ့ပြီးတော့၊ လီလီနဲ့ပတ်သတ်ပြီး မာမီ မသိသေးတဲ့အချက်‌တွေရှိနေတာပဲ "

" ပြောကြည့်ပါအုန်း မာမီက ဘာတွေများ ထပ်သိဖို့ လိုအပ်နေတာလဲ "

" ပထမဆုံးတစ်ချက်က နှင်းဆီတွေထပ်ပိုလှတဲ့ မာမီကို လီလီက သိပ်ချစ်တယ်ဆိုတာလေ "

Lisa ချက်ချင်းပင် မာမီအနားပြောင်းထိုင်ရင်း မူပိုကချွဲလိုက်သည်။

" အမလေး အဲ့စကားလှလှလေးတွေကို လီလီရဲ့ ရည်းစားကိုသွား‌ပြောပါလား ဟမ် . "

" နှင်းဆီတွေလောက် ချစ်ရမဲ့သူရှိပါ့မလား မာမီရဲ့ "

" ခုနကပြောတော့ မာမီကို နှင်းဆီထပ်ပိုချစ်ပါတယ်ဆို "

" အဲ့တာက အဲ့တာလေ ‌"



Lisa ရဲ့ အဆီအလျော်မတည့်တဲ့စကားတွေကို မာမီက သဘောတကျရယ်နေလေသည်။ ဒယ်ဒီနဲ့မာမီကြားက ချစ်ခြင်းတွေကိုတော့ အဖြူရောင်နှင်းဆီတွေက သက်သေတည်နေလေသည်။ Lisa ရဲ့ ချစ်ခြင်းမေတ္တာကရော ဘယ်သူ့အ‌ပေါ်များ Lisa မြတ်နိုးရတဲ့ဘယ်နှင်းဆီအမျိုးအစားနဲ့ကိုယ်စားပြုနေမလဲ Lisa ကိုယ်တိုင်လဲအရမ်းသိချင်မိပါသည်။ လားလားမျှမဆိုင်တဲ့ ရွှေအိုရောင်ဆံပင်တွေကိုအတွေးထဲထည့်မိတော့ ဘယ်ဘက်ခြမ်းလေးက ဒိတ်ခနဲ။



You're the rose that belongs to me Where stories live. Discover now